နင် မမှက်မိနိုင်တဲ့အဖြစ်တွေ
ရင်ကိုဖောက်ထွက်ခဲ့စကားများအတွက်
အချိန်တိုင်း တိက်ဆိတ်စွာခံစားရင်း
ငါ ရူးလောက်အောင်ပဲ
ကြေကွဲလို့မဆုံးနိုင်ခဲ့ပါဘူး...၊
အသိစိတ်နဲ့ တားစီးလို့မရနိုင်တော့လို့
နလုံးသားရဲ့ ခံစားမှုတွေကို
နင့်မျက်ဝန်းမှာ မြင်စေခြင်းဟာ
ငါရဲ့အသုံးမကျတဲ့အပြစ်တခုအဖြစ်
နာကြင်ဒဏ်ရာတွေရရှိနေပါပြီ....၊
အခုတော့ ငါဟာ.. ....
ခံစားချက်မရှိတဲ့ကောင်းကင်အောက်မှာ
တိမ်ပန်းချီရေးဆွဲမိတဲ့ လေပြေလို...
နင့် ရှေ့မှောက်မှာ
အရာမထင်တဲ့ချစ်ခြင်းတွေက
အချိန်နဲ့အမျှမျောလွင့်ရင်း
ငါလဲ...ဖြည်းဖြည်းခြင်းလွင့်ပါးလို့
ပြောက်ကွယ်သွားတော့မှာပါ...
No comments:
Post a Comment