Tuesday, November 4, 2014

For my old flame ! Real feeling

ချစ်တယ်  ဆိုတဲ့
စကားလုံးကိုသိပ်လွယ်လွယ်ပြောတတ်တဲ့
ချစ်ဦးသူကိုမမုန်းရက်မမေ့နိုင်တာ
ဘာကြောင့်လည်းကွာချစ်သူရယ်
တယောသံလိုချိုသာတဲ့
မင်းရဲ့စကားသံတွေကြား
ကြည်နှုးခဲ့ပါတယ်""ဒသ""လိုမျက်နှာများတဲ့
ချစ်သူတစ်ယောက်ကိုမမုန်းနိုင်ခဲ့တာဘာအတွက်ကြောင့်လည်း
မင်းကြောင့်စို့နင့်ခဲ့ရတဲ့ကိုယ့်ရင်ခွင်ကို
ကတ္တရာမခင်းထားတဲ့ကျောက်လမ်းလိုသဘောထားပြီး
ဆိုင်ကယ်လီဗာကိုအကုန်မြင့်ပြီး
မင်းဦးတည်ရာကိုမောင်းခဲ့တာလားချစ်သူ
လိမ်ညာတဲ့ချစ်သူရဲ့စကားကို
ညာတာသိသိနဲ့လက်ခံခဲ့မိတယ်
aပေးလိုက်ရတာကမချစ်ဖူးလို့မဟုတ်ပေမဲ့
ဖွင့်ပြောခဲ့ရတဲ့ရင်တစ်ခုပါမင်းကိုသိပ်ချစ်တယ်
မင်းမုန်းချင်လဲအမုန်းများစွာနဲ့အချစ်ခံပါရစေ
မင်းအတွက်ကိုယ်ဟာအချစ်ဦးမဟုတ်ပေမဲ့အဖြည့်စွက်ခံချစ်သူတစ်ဦးပါ
ချစ်သူရယ်������

No comments:

Post a Comment