သစတြေး လျအဆိုတော် အစ်ဂီအဇယ်လီ ယာသည် ၎င်းအား အဓမ္မပြုကျင့် မည်ဟု
ခြိမ်းခြောက်သီဆိုထား သော အဆိုတော်အမ်မီနမ်ကို လူ မှုမီဒီယာတွစ်တာမှတစ်ဆင့်
ပြစ် တင်ရှုတ်ချခဲ့သည်။အမေရိကန်အဆိုတော် အမ် မီနမ်၏ သီချင်းသစ် Vegas သည် ယခုသီတင်းပတ်တွင်
အွန် လိုင်း၌ ပေါက်ကြားခဲ့ပြီး အစ်ဂီ အဇယ်လီယာကို အဓမ္မပြုကျင့်
မည်ဟူ၍
အမ်မီနမ်သီဆိုထား သော သီချင်းစာသားလည်း ပါဝင် ခဲ့သည်ဟု မီဒီယာများက
ဖော်
ပြသည်။
အမ်မီနမ်၏ အငြင်းပွားဖွယ် Vegas သီချင်းစာသားနှင့် ပတ် သက်၍
အစ်ဂီအဇယ်လီယာက ‘‘ဖျော်ဖြေရေးဆိုပြီး အမျိုးသမီးလေးတွေကို ခြိမ်းခြောက်တဲ့
အဘိုးကြီးတွေကို စိတ်ကုန်တယ်’’ ဟု ရေးသားခဲ့ပြီး ‘‘ကျွန်မရဲ့ ၁၄ နှစ်အရွယ်
မောင်လေးက အမ်မီနမ်ရဲ့ အ မာခံပရိသတ်ပါ။
အခုတော့ သူ
လေးစားချစ်ခင်ပါတယ်ဆိုတဲ့အဆိုတော်ကသူ့အစ်မကိုအဓမ္မ ပြုကျင့်မယ်တဲ့။
ကောင်းကြသေး ရဲ့လား’’ ဟု ထပ်လောင်းပြော ကြားခဲ့သည်။
ထို့အပြင် တေးဂီတလောက မှ အမျိုးသမီးများသည် နှောင့်
ယှက်တိုက်ခိုက်မှုနှင့် ဝေဖန်မှုများ
စွာကို သည်းခံရသည်ဟုလည်း အစ်ဂီအဇယ်လီယာက
တွစ်တာ စာမျက်နှာမှတစ်ဆင့် ပြောကြား
ခဲ့ သည်။မကြာသေးမီကလည်း အစ် ဂီအဇယ်လီယာသည် အမေရိ ကန်အဆိုတော် စနုဒေါ့၏ လှောင် ပြောင်မှုကို ခံခဲ့ရသည်။
သို့ရာတွင် စနုဒေါ့သည်၎င်း၏ နောက်ပြောင်မှုနှင့်ပတ်သက်၍အစ်ဂီအား
ပြန်လည်တောင်းပန်ခဲ့
သော်လည်း အစ်ဂီအဇယ်လီယာ အနေဖြင့် အမ်မီနမ်ထံမှ မည်
သည့်တုံ့ပြန်မှုမျှ ရလိမ့်မည်မ
ဟုတ်ဟု သတင်းက ဖော်ပြသည်။အဆိုတော် အမ်မီနမ်သည် ၎င်း၏ သီချင်းများ၌ အမျိုးသမီး
ကျော်ကြားသူအချို့ကို ပုတ်ခတ် သီဆိုလေ့ရှိသူတစ်ဦးဖြစ်သည်။
No comments:
Post a Comment