ခပ်မြင့်မြင့်တွေ ကျွန်တော်မတွေးဘူး
လက်တွေ့ဘ၀ထဲပြန်ပြုတ်ကျရင် အနေခက်မှာစိုးလို့…
အရာရာတိုင်းကို နေရာတကျဖြစ်ဖို့ကြိုးစားတိုင်း
ကိုယ့်ကိုကိုယ်ဘယ်နားထားရမှန်းမသိပြန်ဘူး..
ကိုယ့်ကိုကိုယ်ကြည့်လိုက်တိုင်း ကိုယ့်ကိုကိုယ်ပဲ ပြန်တွေ့နေရတယ်
ကျွန်တော်နေမကောင်းတော့ဘူးထင်ရဲ့..
ဘာကိုမှ တစ်ခုတ်တစ်ရမရှိတဲ့သူဖြစ်ချင်တယ်
ဖြစ်ချင်တာတွေ မဖြစ်လဲ ဘာမှမဖြစ်တတ်သူဖြစ်ချင်တယ်
သေချာတယ် ဒီလိုတော့ ဖြစ်နိုင်ပါ့မလား မေးခွန်းများစွာရှိနေတယ်
ပြဿနာပဲ ။ ။
ဆိုက်ပရပ်စ်လင်း
No comments:
Post a Comment