Wednesday, November 5, 2014

ကဲ… ခင်ဗျားတို့ပဲ ပြောကြစမ်းပါ

ကဲ…
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ရှင်သန်ခြင်းအဓိပ္ပါယ်ဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ပေးဆပ်မှုဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ခင်မင်မှုဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ရိုးသားမှုဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ကြီးမြတ်မှုဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ မေတ္တာတရားကြီးမားမှုဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ကိုယ်ချင်းစာနာမှုကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ကောင်းမြတ်မှုတွေကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ယဉ်ကျေးမှုဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့သတ်မှတ်တဲ့ အဆင့်အတန်းဆိုတဲ့ ငွေကြေးကြွယ်ဝမှုကို
ခင်ဗျားတို့ပြောတဲ့ ခင်ဗျားတို့ အကြောင်းကို
ကျွန်တော် နားမလည်လို့
ခင်ဗျားတို့ပဲ ထပ်ရှင်းပြကြစမ်းပါဦး…

No comments:

Post a Comment