Tuesday, November 4, 2014

understanding

နားလည်ပေးရတာတွေများလာတော့ မသိချင်ယောင်ဆောင်တတ်လာတယ်

မသိချင်ယောင်ဆောင်ရင်း ဥပေက္ခာပြုမိသွားတယ်

ဥပေက္ခာပြုတာတွေများလာတော့ လည်း မဆိုင်သလိုပဲဖြစ်သွားမိတယ်

အေးစက်နေတဲ့ ငါ့အပြုအမူတွေကိုကြည့်ပြီး
အရင်လိုမချစ်တော့ဘူးလို့ထင်နေပြီလား

ငါ့အချစ်ကိုသံသယဖြစ်တဲ့အခါ စဉ်းစားပေးပါ
ငါနင့်ကိုချစ်ခဲ့တဲ့ ရက်။နှစ်။လ တို့ကို.....
 
ငါသာနင့်ကို လွယ်လွယ်နဲ့မုန်းနိုင်မေ့နိုင်ခဲ့မယ်ဆိုရင်လေ
အခုချိန်ထိ နာကျင်နေမှာမဟုတ်ဘူး

ငါတို့အကြောင်းတွေးမိယုံနဲ့ ကျလာတဲ့ငါ့မျက်ရည်
နင့်မျက်နှာလေးငေးမိရုံနဲ့ နာကျင်နေမိတဲ့ငါ့နှလုံးသား

နင့်အနားဘယ်သူများရှိနေမလဲလို့ တွေးမိတိုင်းမိုးလင်းသွားတဲ့ ည
ဒါတွေက နင်မသိတဲ့ သက်သေတွေပေါ့ကွာ

No comments:

Post a Comment