Friday, November 14, 2014

မ ရယ်

ကောင်မလေးရေ....နင်ဟာ
ဟိုး..အမြှင့်ကပန်းလေးတပွင့်ပေါ့
ငါအမြဲပဲ ရင်ခုန်လှိုက်မောစွာ
နင့် အလှကိုငေးကြည့်နေခဲ့တာ
ရယူဖို့က စိက်ကူးအိမ်မက်လေးပါ

ဘ၀တခုကို .....
အချစ်ဆိုတဲ့အရာနဲ့ဖြတ်ကျော်ဖို့
နင် အယုံကြည်မရှိပေမမယ့်
မုန်တိုင်းတွေကြားမှာ နင့်လက်တစုံကို
ငါ့ အသက်နဲ့ရင်းလို့ နွေးထွေးစေချင်တယ်

တခါတလေ.....နင့်မျက်ဝန်းမှာ
စိုစွတ်တဲ့မျက်ရည်တွေ စီးဆင်းလာခဲ့ရင်လဲ
ငါ ရှင်သန်မဲ့လေကို
နင့် ပါးပြင်ပေါ်ကိုဖြတ်သန်းလို့
ခြောက်သွေ့စေချင်တယ်

ဒီဆန္ဒနဲ့ စိက်ကူးတွေဟာ
နင့်အတွက်မလိုချင်လို့ဟာသတခုဆိုလဲ
ငါ့ မျော်လင့်ချက်တွေ
ပွန်းပဲ့ကြေမွ လို့သွားပါစေ
စိက်ကြိုက်ရီမောလိုက်ပါ

ဘာကြောင့်လဲဆိုတော့ ....
ငါ့ဘ၀နဲ့ရင်းလို့ နင့်နုတ်ခမ်းမှာ
အပြုံးတခုဖူးပွင့်စေတာကိုပဲ
ဆုလာဘ်တခုအဖြစ်
ငါ မှတ်ယူလိုက်မှာပါ...ချစ်သူ။။

No comments:

Post a Comment