ယာက်ျားတယောက်အတွက် အချစ်ထက်အရေးကြီးတာ
ကိုယ်ကျင့်တရားရယ် သစ္စာတရားရယ်ကွ
မိန်းမတယောက်အတွက် အချစ်ထက်အရေးကြီးတာလည်း
အရှက်နဲ့သိက္ခာ
ချစ်ရင် ပိုင်ဆိုင်ချင်ကြတာမှန်ပေမဲ့
ကိုယ့်ချစ်သူရဲ့ တန်ဖိုး သိက္ခာတွေတိုထိန်းသိမ်းပေးဖို့လည်းလိုသေးတယ်
အချစ်ဆိုတာ တကယ်တော့ဥယျာဉ်မှုးကောင်းတယောက်လိုပေါ့
အပင်တပင်ကိုအကောင်းဆုံးပြုစုပျိုးထောင်ပေးရတာ
အဲဒီအပင်ကို ငါတို့ချိုးပစ်ရတာမဟုတ်ဘူး
မြင့်မြတ်တဲ့ချစ်ခြင်းတရားဆိုတာ
ချစ်သူရဲ့ တန်ဖိုးကိုမြှင့်တင်ပေးတာ
သူရဲ့သိက္ခာတရားကိုထိန်းသိမ်းပေးတာ
ကိုယ့်ကြောင့်အပြောအဆိုမခံရစေတာ
သူ့အရှက်ကိုကာကွယ်ပေးတာပါ
ချစ်တယ်ဆိုပြီး သူ့တန်ဖိုးကိုကျစေ သူ့အရှက်ကိုလည်းမဲ့စေရင်
မင်းအချစ်ဟာအပေါစားအချစ်ပဲဖြစ်မှာ
နှုတ်ခမ်းထက်က တပ်မက်တဲ့အနမ်းထက်
နဖူးထက်က အနမ်းဟာ မြင့်မြတ်တဲ့ချစ်ခြင်းတရားတစ်ခုပါ...။
No comments:
Post a Comment