Saturday, November 15, 2014

fri တို့ ဒါလေးကလ အရမ်းအရေးပါတယ်နေိာ

ချစ်သူနဲ့ နားလည်မှုလွဲ၊ ကတောက်ကဆ ဖြစ်တဲ့အခါ နှစ်ဦးစလုံး ပြန်တည်ငြိမ်သွားစေဖို့ သင်ပြုလုပ်
ပေးနိုင်တဲ့ အချက်လေးများ
၁။ သူပြောချင်တာတွေကို နားထောင်ပေးလိုက်ပါ။
ပြသနာတက်၊ ရန်ဖြစ်တဲ့အခါ သူလည်းပြော၊ ကိုယ်လည်းအော်တဲ့ အဖြစ်မျိုးများပါတယ်။ တစ်ယောက်
ဘာပြောချင်သလဲ တစ်ယောက်က နားထောင်ပေးဖို့ ခဲယဉ်းသွားပါပြီ။ ဒါပေမယ့် အဲ့ဒီလို ပြသနာတ
က်နေချိန် တစ်ဖက်လူက တစ်ဖက်လူဘာခံစားနေရတယ်၊ ဘာပြောချင်တယ်ဆိုတာကို နားထောင်ပေး
နိုင်မယ်ဆိုရင် ပြသနာဟာ အမြန်ဆုံးပြီးဆုံးသွားမှာပါ။ ဒါဟာ သူ့အတွက် ကိုယ်ပေးတဲ့ ချစ်ခြင်းသေ
င်္ကတလေးတစ်ခုဆိုတာလည်း မမေ့ပါနဲ့။ တစ်ဖက်လူကို ကိုယ်ချစ်မှသာ ဒီလိုပြုမူဆောင်ရွက်နိုင်တာပါ။
၂။လက်ရှိအချိန်လေးကို တန်ဖိုးထားလိုက်ပါ။
သင်စိတ်မကောင်းဖြစ်၊ ဒေါသထွက်၊ ဖိစီးမှုတွေ ခံစားနေရတဲ့အခါ သင့်ကိုနွေးနွေးထွေးထွေး ပွေ
့ဖက်ပေးမယ့် လက်တစ်စုံကို သင်လိုအပ်မှာ အသေအချာပဲ။ သင့်ကို အားဖြည့်ပေးမယ့်သူမျိုးပေါ့။ ဒါ
ဆို တစ်ဖက်လူဆိုရင်ရော ဆိုတဲ့ အတွေးမျိုး ပြန်တွေးကြည့်ပါ။ သူလည်း ဒီလိုခံစားမှုမျိုးတွေ ခံစားေ
နရတဲ့အခါ သူချစ်တဲ့သူရဲ့ ယုယကြင်နာမှုကို တောင့်တမိပါလိမ့်မယ်။ နာကျင်စရာတွေ ခဏမေ့ထာြး
ပီး သူ့ကို ထွေးပွေ့လိုက်ပါ။ ဒါဟာ နာကျင်တဲ့ခံစားချက်တွေကို အထိရောက်ဆုံး ဖြေဖျောက်ပေးန
ည်းတစ်မျိုးပါ။
၃။တတ်နိုင်သမျှ နူးညံ့စွာ ပြုမူပါ။
ဒေါသထွက် ၀ုန်းဒိုင်းကြဲနေချိန်မှာ ကိုယ့်ဘက်က နူးညံ့မှုကို ပြသဖို့ဆိုတာ ခက်ခဲတာတော့ အမှန်ပါပဲ။
ဒါပေမယ့် ဒီအချက်ဟာ သင်တို့နှစ်ဦး ပြန်လည်အဆင်ပြေဖို့ အထောက်အကူပြုပါတယ်။ စကားကို ဆဲ
ဆို အော်ဟစ်ပြီး မပြောပါနဲ့။ နူးနူးညံ့ညံ့ပဲ ရှင်းပြပါ ပြောဆိုပါ။ ပြီးတော့ ဒီလိုဖြစ်နေချိန်မှာတော
င် သူမကို ဂရုစိုက်ကြောင်း သူမသိအောင် ပြပါ။ သင့်ရဲ့ကြင်နာမှုဟာ သူမကို အရည်ပျော်သွားစေပါ
လိမ့်မယ်။
၎။ဖိစီးမှုတွေကို လျှော့ချပစ်ပါ။
တစ်ဖက်လူဟာ ငါ့တစ်ယောက်တည်းအတွက်ပဲ ဖြစ်ရမယ်ဆိုတဲ့ အတွေးမျိုး မထားပါနဲ့။ နောက်တစ်ချ
က်က ငါ့မှာလည်း သူပဲရှိတယ်ဆိုတဲ့ တရားသေအစွဲမျိုးလည်း မထားပါနဲ့။ တစ်ခါတစ်လေ မိသားစု၊
သူငယ်ချင်းတွေဟာလည်း သင့်ဘ၀ရဲ့ အရေးပါတဲ့နေရာကနေ ရှိနေဆဲပါ။ ဒီတော့ ကိုယ့်ချစ်သူနဲ့ ပြ
သနာတက်၊ နားလည်မှုလွဲနေတဲ့အခါ အချိန်ယူဖြေရှင်းရမယ်ဆိုရင်လည်း သင့်စိတ်ထဲက ဖိစီးမှုတွေ
လျှော့ချပစ်နိုင်ဖို့ မိသားစုဝင်၊သူငယ်ချင်းတွေရဲ့ အကူအညီကို ရယူလိုက်ပါ။
၅။ပျော်ရွှင်ခဲ့ဖူးတဲ့ အချိန်လေးတွေ ပြန်တွေးပါ။
နှစ်ဦးသား အတူသွားခဲ့ဖူးတဲ့ ခရီးစဉ်လေးတွေ၊ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေက သင့်စိတ်ကို ပြ
န်လည်ကြည်နူးသွားစေပါလိမ့်မယ်။ ဒါ့ကြောင့် ဒီအချိန်လေးတွေကို ကိုယ့်ချစ်သူ ပြန်စဉ်းစားမိအော
င်၊ ပြန်သတိရအောင် ပြောပေးပါ။ ခုလက်ရှိလည်း အဲ့ဒီတုန်းကလို ပျော်ရွှင်ကြည်နူးစေဖို့ ဘာတွေလု
ပ်နိုင်သလဲဆိုတာ တွေးပါ။ သင့်စိတ်ထဲသူအမြဲရှိနေကြောင်း ပြောဆိုပေးပါ။

No comments:

Post a Comment