Friday, November 14, 2014

ဟုပ်တယ်မလား

ဒါကို ရှုံးတယ်လို သတ်မှတ်ရင်မှားသွားမှာပေါ့ တဲ့

ဟုတ်ပါ့မလား !
အကြိမ်ကြိမ် ဂရုစိုက်ဖို့ တောင်းပန်နေသည့်ကြားမှာ
တစ်ကြိမ်တစ်ခါတောင် နားမလည်ခဲ့သူ က
အချစ်မှာ အရှုံး အနိုင်မရှိဘူးလို့ ပြောလာခြင်းဟာ
ဟုတ်ပါမလား !

ယုံကြည်ရပါ့မလား !
မအားဘူးဆိုတဲ့ စကားလုံးအတွက် အကြောင်းအရာတွေကိုဖုံးကွယ်ရင်း
လိုအပ်မှ ခေါ်ဆိုတဲ့ ဖုန်းသံဟာ အချစ်ဟု သတ်မှတ်လို့ ရပါ့မလား !

အကြိမ်ကြိမ် နာကျင်ခဲ့ရတယ်
အကြိမ်ကြိမ် မျှော်လင့်ချက်မဲ့နေသည့်တိုင်

အကြိမ်ကြိမ် နားလည်ဖို့
အကြိမ်ကြိမ် ခွင့်လွတ်ဖို့
အကြိမ်ကြိမ် ခိုင်မြဲဖို့ ကြိုးစားခဲ့နေသူအတွက်
အချစ်နဲ့ ပတ်သတ်ရင် အရှုံးဆိုတာ ဂဏာန်းမတွက်ခဲ့မိဘူး ။

တစ်ကယ်တော့
အချစ်ရှိရင် အရာရာကို ပြည့်စုံပြီလို့ ထင်ထားပေမယ့်
လက်ရှိမှာတော့ ဘာကိုမှ မပိုင်ဆိုင်ရသည့်အပြင်
ခံစားရတဲ့ နာကျင်ခြင်းတွေဟာ ထင်မှတ်မထားလောက်အောင်
များပြားရတယ် မဟုတ်လား

No comments:

Post a Comment