Tuesday, November 4, 2014
လမသာ ကြည်တွေမစုံတဲ့
အမှောင်ညတွေမှာ
ကောင်မလေးတစ်ယောက်
ငါ့နှလုံးသားပေါ်က ဖြတ်လျောက်သွားတယ်
သေရေးထက်နေရေးခက်တဲ့ဘ၀တွေမှာ
လွမ်းရေးထက် ၀မ်းရေးခက်တာကမဆန်းပါဘူး…
ခက်တာက လူဆိုတာ
ဒုက္ခကို ဒုက္ခနဲ့မြောက်လို့
ရလာတဲ့အဖြေသံသာရာကိုမှ
ခင်တွယ်တက်တာ….
ဒီတော့ ငါ့ဆီက
အကြွေး ၁၅၀၀ ယူထားတဲ့ ကောင်မလေးရယ်
တောင်တန်းကြီးတွေက
ရွေ့လျားနေပြီး
ပင်လယ်ကြီးတွေက ရပ်တန့်နေပါစေ…
အို့…ဘာတွေဘယ်လိုပဲဖြစ်နေပါစေ
ငါတော့ သေချာတယ်
နင့်နဲ့ရှက်ပြုံးတွေအောက်မှာ
ငါ့ရင်ခုန်သံတွေမြန်ခဲ့ပြီ…။။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment