တကယ်ချစ်တဲ့ ယောင်္ကျားလေးတစ်ယောက်ရဲ့မာနဆိုတာ ထိကရုန်း လေးတွေလိုပါပဲ ဆိုတာ သိစေ ချင်မိတယ်…။ မျက်ရည်မကျရဖူးဆိုတာ ယောက်ျားလေးအတွက် တားမြစ်ချက်တစ်ခုမှ မဟုတ်တာ။ ကျနော်ဒီသတင်းကြားတော့ ငိုမိသေးတယ်။ နှစ်ပေါင်းများစွာတောင့်ခံလာနိုင်ခဲ့တဲ့ သစ္စာရှိခြင်းက လပိုင်းအတွင်းပြောင်းလဲသွားနိုင်ခဲ့တယ်ဆိုရင် သေချာတယ် သူ့ဖက်က ကျနော်အပြင် အရံရှိနေခဲ့ လို့ ပဲ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ရွေးချယ်မှုက ဒီလောက်မြန်တဲ့ ဆုံးဖြတ်ချက်ကို ခပ်လွယ်လွယ်မချနိုင်ဘူးဆိုတာ ကျနော် ယုံကြည်မိထားတယ်လေ……။
၃ လ တကြိမ်မှ သတိရလို့ ဖုန်းခေါ်လည်း ကျနော် ကျေနပ်တယ်…။ လမ်းကြုံလို့  ၀င်လာတာဆိုတဲ့ ၄ လတကြိမ်မှ ဖြစ်တောင့်ဖြစ်ခဲတဲ့ အင်တာနက်ဆိုင်ရောက်လာတော့လည်း ကျနော် ကျေနပ်တယ်.။ တခါတ လေလွမ်းလို့ တွေ့ချင်တယ်ဆိုတဲ့ ကျနော် တောင်းဆိုမှုတွေက အလုပ်မအားဘူးဆိုတဲ့ သူ့အကြောင်းပြ ချက်တွေထဲမှာ ပျက်ပြယ်လို့ ။ မသိကျေးကျွန်ပြုတဲ့ သူ့ဂရုစိုက်မှုကြားမှာ ကျနော်နေသားကျခဲ့တယ်။ ချစ်သူသက်တမ်းက (၆) နှစ် ။ တွေ့ခွင့်ရခဲ့တာဆိုတာလို့  လက် (၁၀)ချောင်းမပြည့်ခဲ့ဘူး။ တောင်းဆိုတိုင်း မရခဲ့တဲ့ တွေ့ဆုံခြင်းတိုင်းအတွက် ကျနော် ဘယ်သူကိုမှ အပြစ်မတင်မိခဲ့တာအမှန်ပါ။
သူငယ်ချင်းထက်မပိုတဲ့ ဆက်ဆံရေးက ချစ်သူတွေတဲ့လား။ ကျနော်တွေးမိတိုင်း စိတ်နာမိ တာ အမှန်ပါ။ ဖုန်းဆက်တိုင်း အမြဲတမ်း ခိုးဆက်ရတယ်။ သူ့အကြောင်းပြချက်တွေထဲမှာတော့ အိမ်ကသိမှာ စိုးလို့ တဲ့။ အိမ်ကငြိုငြင်ရအောင် ကျနော် လမ်းဘေးက သူတောင်းစားလည်းမဟုတ်ခဲ့ဘူး။ ပြန်တွေး ကြည့် မိတိုင်း ဒါသမီးချစ်သူလေ ဆိုတာမျိုး သူ့နှုတ်က တလုံးမှ မာမာထန်ထန်မထွက်ခဲ့ဖူးခဲ့။ ဒါကစကားနာ ထိုးရမဲ့ အရာတစ်ခုမဟုတ်ခဲ့ဘူးဆိုရင်တောင် ပျော်ရွှင်စရာမဟုတ်ခဲ့တာတော့ အမှန်ပဲ မဟုတ်လား။ မငယ်တော့တဲ့ အသက်အရွယ်အပိုင်းအခြားတစ်ခုမှာ ဒါရှက်စရာမဟုတ်တော့သလို အိမ်ကို ကြောက်ရမဲ့ ကိစ္စတစ်ခုလည်း မဟုတ်တော့ဘူးလေ…။
တဖြည်းတဖြည်းနဲ့ ဝေးဝေးသွားလိုက်တာများ…..။ ကျနော်တို့လူခြင်းမတွေ့နိုင်တော့သလို စာခြင်း လည်း အဆက်အသွယ်မရခဲ့ပြန်ဘူး…။ ပခုံးပေါ် အပွင့်လေးတွေတိုးလာပြီး မြန်မာနိုင်ငံရဲ့ နယ်စွန်နယ်ဖျားအသီးသီးကို ကျနော်ရောက်တိုင်း သတိရမိတဲ့စိတ်ကလေးနဲ့တော့ လွမ်းမိသေးတယ်။ စိတ်ကူးယဉ်မိတဲ့ အိမ်မက်တိုင်းမှာ တာဝန်ကျတဲ့ နယ်တိုင်းသူ့ကို လိုက်စေချင်မိသေးတယ်။ ရှမ်းတောင်တန်း ကြီးမြင်တော့လည်း သူပါရင်ကောင်းမယ်ဆိုတဲ့ စိတ်ကလေးရယ်…။ .ဒေါန တောင်တန်းကြီးမြင်တော့လည်း ကျိုက်ထီးရိုး အတူတူဖူးချင်မိတဲ့ စိတ်ကလေးရယ် ။ အင်းလေးရောက်ပြန်တော့လည်း လှေအတူတူစီးချင်မိတဲ့ စိတ်ကလေးရယ်…။ ဘာပဲဖြစ်ဖြစ် နှစ်အတော်တန်ကြာအောင် ရင်ဘက်ထဲကလူတစ်ယောက်ကို ခဏလေးနဲ့ ဆွဲထုတ်ဖြစ်ဖို့ ခက်တယ်ဆိုတာ တကယ်ချစ်တဲ့ သူမှပဲ သိနိုင်တဲ့ ခံစားချက်မျိုးမဟုတ်လား….။
ကြားနေကျအသံလေးတစ်ခု ကို ပြန်ကြားမိလိုက်တာတစ်ခုကလွဲရင် ။ အရိုးရှင်းဆုံး စကားတခွန်းက ရင်ခွင်တခုလုံး ဗြောင်းဆန်သွားစေတာ ကိုယ်ကိုတိုင်ပဲ အသိဆုံး….။
ကျမ လက်ထပ်တော့မယ် အာကာ…..
ဘယ်သူနဲ့လဲ ….။ ဘယ်ကလဲ ကျနော် မမေးမိတော့..။ သေချာတာတစ်ခုက ကျနော်ထက် အစစအရာရာ သာလွန်နေခဲ့သူ ဒါမှမဟုတ် ကျနော်ထက်ပိုပြီး အိမ်နဲ့ အဆင်ပြေသူဖြစ်မယ်ဆိုတာ သိနှင့်နေခဲ့ပြီလေ။
အဆင်ပြေပါစေ ဆိုတဲ့ စကားတခွန်းကလွဲရင် ဘာတခုမှ မဆိုမိတော့။ တခါတလေ အချစ်ဆိုတဲ့ အရာလေးတခုလေးနဲ့ ဘ၀ကြီးတစ်ခုလုံးကို မလွှမ်းမိုးနိုင်တာ ကျနော်သိခဲ့ပြီ။ ဘ၀အာမခံချက်မရှိသူဟာ လက်တွဲဖို့ အတွက် မသေချာနိုင်တာကို လည်း ကျနော်ယုံကြည်မိခဲ့ပြီ။
တကယ်ချစ်တဲ့ ယောင်္ကျားလေးတစ်ယောက်ရဲ့မာနဆိုတာ ထိကရုန်း လေးတွေလိုပါပဲ ဆိုတာ သိစေ ချင်မိတယ်…။ မျက်ရည်မကျရဖူးဆိုတာ ယောက်ျားလေးအတွက် တားမြစ်ချက်တစ်ခုမှ မဟုတ်တာ။ ကျနော်ဒီသတင်းကြားတော့ ငိုမိသေးတယ်။ နှစ်ပေါင်းများစွာတောင့်ခံလာနိုင်ခဲ့တဲ့ သစ္စာရှိခြင်းက လပိုင်းအတွင်းပြောင်းလဲသွားနိုင်ခဲ့တယ်ဆိုရင် သေချာတယ် သူ့ဖက်က ကျနော်အပြင် အရံရှိနေခဲ့ လို့ ပဲ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ရွေးချယ်မှုက ဒီလောက်မြန်တဲ့ ဆုံးဖြတ်ချက်ကို ခပ်လွယ်လွယ်မချနိုင်ဘူးဆိုတာ ကျနော် ယုံကြည်မိထားတယ်လေ……။
တကယ်တော့ အချစ်ဆိုတာ ပိုချစ်တဲ့သူက ပိုခံစားရတာပါလေ ကျန်ခဲ့သူနဲ့ ချန်ခဲ့သူ ဘယ်သူပိုခံစားရလဲဆိုတာ ကျနော် မဝေခွဲတက်တော့ဘူး…တကယ်တော့ ကျနော် မချစ်လို့  ကျန်နေခဲ့ တာ မဟုတ်ဘူးဆိုတာ ကျနော်နှလုံးသားလေးက သာအသိဆုံးပါ
No comments:
Post a Comment