Friday, November 14, 2014

နင့်အကြောင်းတွေ တွေးပီး အလုပ်လုပ်နေသူပါ

အလွမ်းတွေ ကျိန်စာ သင့်ပြီထင်ပါရဲ့
ပြန်ဆုံမဲ့ နေ့ရက်တွေက
သိပ်ကြာရှည်လွန်းနေတယ်

လူမသိတဲ့ အလွမ်းနဲ့
ပေးခဲ့ဖူးတဲ့ အနမ်းတွေကို သတိရရင်း
ငါ တိုးတိုးလေး ခိုးငိုမိတယ်
အရမ်း လွမ်းနေမိလို့ပါ ချစ်သူ

နက်ရှိုင်းတဲ့ ခံစားချက်တွေနဲ့ပါ
ပြောမပြတတ်တဲ့ အချစ်ရဲ့ အဓိပ္ပါယ်က
သိပ်ကို ထုထည်ကြီးမားလွန်းတယ်

သဝန်တိုတယ်တဲ့လား
ဟုတ်ပါဘူး ချစ်သူရယ်
စိတ်မချတဲ့ တခုတည်းသော စိုးရိမ်စိတ်နဲ့ပါ
တနေ့တကြိမ် နင့် Facebook timeline ကို check မိတာကလွဲရင် .....
လွမ်းလာလို့. Ph ခေါ်မိလိုက်တာကလွဲရင် ....

နင့်. အကြောင်းတွေ ခေါင်းထဲထည့် ပြီး
အလုပ် လုပ်နေသူပါ ဟာ

No comments:

Post a Comment