Saturday, November 29, 2014

မက်ဆီကို ခေါ်ယူလိုဟု အန်ဆယ်လော့တီပြော

မက်ဒရစ်−အကယ်၍ ယခုနှစ် ဘောလုံးရာသီကုန်ဆုံးချိန်တွင် ဘာစီလိုနာမှ ထွက်ခွာရန်
မက်ဆီ ဆုံးဖြတ်ခဲ့ပါက ၎င်းကို ခေါ်ယူရန် မိမိစိတ်ဝင်စားလိမ့်မည်ဟု ရီး ရဲလ်နည်းပြ ကားလို့စ်အန်ဆယ် လော့တီက ပြောကြားသည်။

မက်ဆီက လက်ရှိစာချုပ် သက်တမ်း ကုန်ဆုံးသွားချိန်တွင် ရွေးချယ်နိုင်မည့် နည်းလမ်းများ
အားလုံးကို စဉ်းစားသွားမည်ဟု ပြောကြားလိုက်ခြင်းကြောင့် ကမ္ဘာ တစ်ဝန်းရှိ သတင်းစာများက ခေါင်းကြီးသတင်းအဖြစ်  ဖော်ပြ ခဲ့သည်။

မက်ဆီ (၂၇) နှစ်သည် ရီး ရဲလ်အသင်း၌ အံဝင်ခွင်ကျဖြစ်နိုင် သလားဆိုခြင်းနှင့် ပတ်သက်၍ အန်ဆယ်လော့တီက အရည်အ ချင်းရှိ အသင်းများအားလုံးတွင် အရည်အချင်းရှိ ဘောလုံးသ
မား များအတွက် နေရာရှိသည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။

လူကာမိုဒရစ်ပေါင်ဒဏ်ရာ ဖြင့် သုံးလကြာ နားရမည်ဆိုသော သတင်း ထွက်ပေါ်ပြီးနောက် ရီး
 ရဲလ်မှာ အခက်အခဲရှိလာသည်။ခီဒီယာမှာလည်း ရီးရဲလ်မှ ထွက်ခွာတော့မည်ဆိုသော သ တင်း
များ ထွက်ပေါ်နေသည်။

‘‘မိုဒရစ်မကစားနိုင်တာ နစ် နာပါတယ်။ ဒါပေမဲ့ တခြားအရေး ပါတဲ့ ကစားသမားတွေနဲ့ ကျွန်
 တော်တို့ အားဖြည့်နိုင်ပါတယ်။ တကယ်လို့ ခီဒီယာဒဏ်ရာအ ပြည့်အ၀ ပြန်မကောင်းသေးဘူး
ဆိုရင် ကွင်းလယ်မှာ အစ္စကိုကို ထားကစားပါမယ်’’ ဟု အန်ဆယ် လော့တီက ပြောကြားသည်။
ထို့အပြင် ဇန်န၀ါရီလအ တွင်း ရိုဒရီဂွက်စ်အား အငှားချ ထား မည်ဆိုသော ပြောဆိုမှုများ ကို အန်ဆယ်လော့တီက ပယ်ချ ပြီး လူငယ်ကစားသမား မက်ဒရစ် မှာ ပထမအသင်းနှင့် လေ့ကျင့် ခန်းဆင်းနေကြောင်း ပြောကြား သည်။

No comments:

Post a Comment