ဒီလောက်လေးရေးတတ်ရုံနဲ့တော့
ဘဝင်မဟတ်နဲ့ပေါ့ကိုယ့်လူ
ဒီဇမ္ဗူမှာ မင်းထက်တတ်တဲ့သူတွေ
ရေတွက်မရအောင်ရှိနေပါသေး…
မင်းရဲ့ အဆင့်ဘယ်လောက်လဲ
ကိုယ့်ဖာသာ ကိုယ်ပြန်တွေးလေ…။
(၂)
ပုတ်ခတ်တဲ့ ဒဏ်တွေကိုတော့
ခံနိုင်ခဲ့ပေမယ့် လည်း..
စွတ်စွဲတဲ့ ဖြစ်ရပ်ကိုတော့ လက်မခံချင်ဘူးလေ၊
ဖြေရှင်းချက်တွေ တစ်သီကြီးနဲ့
ရှင်းတမ်းထုတ်ရတော့တယ်…၊
“ငါဘယ်သူကိုမှ မပြောရဲပါဘူးကွယ်
မင်းတို့ကို ငါကြောက်ပါတယ်” ဆိုပြီး
ကိုယ်လွတ်ရုန်းထွက်ခဲ့တယ်…
အများနဲ့တစ်ယောက်မှာတော့
ခံနိုင်ရည်အားနည်းနေတယ်လေ…။
(၃)
အရုံးပေးတာမဟုတ်ပေမယ့်
နောက်ဆုတ်ပေးခဲ့ပါတယ်..
ငါတကယ်လိုချင်နေတာက
မြန်မာ့ကဗျာ ရဲ့ဂုဏ်ကိုပဲ
ငါအောင်မြင်မှုဆိုတာကိုတော့
ဘယ်နေရာမှာမှ သိမ်းမထားချင်ပါဘူး..။
(၄)
ပြောသာပြောနေရတယ်
တကယ်တော့ ခင်ဗျားလေးတို့ကို
ကျွန်တော် ကြောက်ပါတယ်…
အလွယ်ပြောပြန်တော့
ပေါ့တယ်ထင်တယ်..၊
လေးလေးနက်နက်ပြောပြန်တော့
အပိုတွေလုပ်တယ်တဲ့…၊
ကဲ……
ငါဘယ်လိုများ ရှင်ပြရမှာလဲ…။
(၅)
ရှုပ်ပါတယ်ဗျာ…
ကျွန်တော်ရှင်းရှင်းလေးပဲပြောမယ်
ခင်ဗျားတို့ရဲ့ စိန်ခေါ်မှုတွေအတွက်
ကျွန်တော့် ဘက်က အင်အားမရှိတော့ဘူး..၊
သနားသောအားဖြင့်တော့
ကျွန်တော်ပြောတာတွေကို
လက်ခံပေးစေချင်ပါတယ်……။
No comments:
Post a Comment