Tuesday, November 4, 2014

ခမ်းနားတဲ့နန်းတော်တော့ ငါမတည်ဆောက်နိုင်ဘူးပေါ့ ဒါပေမယ့် ငါ ဖန်တီးပေးမယ့်ကမ္ဘာလေးက ချစ်ခြင်းတွေဝန်းရံ မေတ္တာတွေလမ်းခင်းလို့ အကြင်နာတွေ မိုးထားတယ် နေနိုင်မှာလား ချစ်သူရယ်…………. လိုတာရနိုင်ရမယ်လို့ ကတိမပေးနိုင်ပေမယ့် ငါ့ ဘဝ ကိုတော့ လိုရာသုံးနိုင်ပါတယ် အခုတော့ ငါ့လက်ထဲမှာ အချစ်တွေပဲရှိတယ် မင်းကိုချစ်တဲ့ အချစ်တွေပေါ့ ပေါ့ပေါ့တော့မတွေးပါနဲ့ကွာ ငါ့အချစ်တွေက တကယ်လေးနက်ပါတယ်………. ကမ်းလင့်ဖို့မဝင့်ရဲတဲ့ ငါ့ဘဝကို ဝင်လာခဲ့ပါလို့ ပြောဖို့မထွက်ဘူး မေ့ပစ်ဖို့တွေးရင် အသက်ရှုလို့မရလို့ ငါမတွေးတော့ဘူး တကယ်တော့ ငါဟာ တိမ်တိုက်တစ်ခုလောက်တာင် မတည်မြဲခဲ့ဘူး…… ချစ်သူ….တစ်ခုပါပဲ ငါ မင်းကို ငါ့ဘဝထက်ချစ်တယ်………

No comments:

Post a Comment