အချစ်ဆိုတာ ခံစားတတ်လာရင် သစ္စာတရား
ဆိုတာအမြဲကပ်ပါလာတတ်ပြီး သစ္စာတရားကို
စောင့်သိတဲ့ လူတယောက်က နောက်ထပ်
အချစ်သစ်ကို ရှာဖွေမှာ မဟုတ်ပါဘူး
တယောက်နဲ့တယောက် ခိုင်မာပြီး ချစ်တဲ့
အချစ်တွေရှိနေပြီး ပတ်ဝန်းကျင်ဆိုးကျိုး
ရှိနေပါစေ ယိုင်လဲပျက်စီးသွားမှာ မဟုတ်သလို
ပတ်ဝန်းကျင် သွေးထိုးလာတဲ့ စကားတွေကြောင့်လည်း အချစ်တွေ လျော့နဲသွားမှာ မဟုတ်ပါဘူး
လူတယောက်ကို လှလိုချစ်တာမဟုတ်ပါဘူး
ချစ်လို့ လှသွားတာပါ ဒါကြောင့် သူ့ရဲ့အလှတွေ
ကောင်းကွက်တွေက ချစ်လို့မြင်တတ်ပြီး
သည်းခံခွင့်လွှတ်တတ်လာတာပါ
ကိုယ်သိပ်ချစ်နေတဲ့ ချစ်သူကို မာနထားပြီး
မချစ်ပါနဲ့ ရုပ်ချောလို့ဆိုပြီး မချစ်ပါနဲ့ အချစ်မှာ
ရုပ်ရည်တွေ မာနတွေ မလိုပါဘူး ကိုယ်က
ချစ်နေရင် အလှတရားမလိုအပ်ပဲ အမြဲလှသွားမှာပါ
တကယ်တော့ အချစ်ဆိုတာ ဝေးသည်ဖြစ်စေ
အနားမှာရှိသည်ဖြစ်စေ သူမရှိတော့သည်ဖြစ်စေ
ကိုယ့်ရဲ့ ရင်ထဲမှာ သူကတော့ အမြဲရှိနေမှာပါ
No comments:
Post a Comment