Sunday, November 30, 2014
သမီး ရည်းစားဆက်ဆံရေးက ဘာ့ကြောင့် ပထမဦးစားပေးမဖြစ်သင့်သလဲဆိုတာ
ကိုယ့်ချစ်သူအတွက် အချိန်ဘယ်လောက်ပဲ ပေးရပေးရ အကြောင်းမဟုတ်ဘူးလို့ ခံယူထား
သူနဲ့ ချစ်သူဖြစ်ရတာထက် ပျော်စရာကောင်းတာ မရှိပါဘူး။ သို့ပေမဲ့ တစ်ခါတစ်လေကျတော့
တစ်ချိန်တစ်ခါက ရှိခဲ့တဲ့ မိမိချစ်သူစုံတွဲဘဝရဲ့ ပျော်ရွှင်ချမ်းမြေ့မှု၊ မိမိဆုံးရှုံးသွားခဲ့တဲ့ လူတစ်
ဦးယောက်ကို မိမိအတွေးထဲ ဆွဲသွင်းတတ်ကြပါတယ်။
သင့်ရဲ့ သမီးရည်းစား ဆက်ဆံရေးကို ဖြေးဖြေးတိမ်မြုပ်ပျောက်ကွယ်သွားစေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ မိမိထက်ပိုပြီး မိမိရဲ့သမီးရည်းစားဆက်ဆံရေးကို ပိုမိုတန်ဖိုးထားခြင်းက နောက်ဆုံးမှာ စိတ်ထိခိုက်နာကျည်းခြင်းဖြင့်သာ အဆုံးသတ်သွားပါ
လိမ့်မယ်။
တချို့အမျိုးသမီးတွေက ကိုယ့်ကိုယ်ကို ဘာမှန်းမသိကြဘူး။ အလယ်တန်းကျောင်း ပညာသင်ယူနေတဲ့အချိန်ကတည်းက ရည်းစားထားပြီး ဘဝရဲ့ လွတ်လပ်ပျော်ရွှင်မှုကို
ဆုံးရှုံးသွားတယ်။ တခါတလေ မိမိတို့ရဲ့ ချစ်သူရည်းစားဘဝထဲ နစ်မောနေတာကြောင့် ဘဝမှာ ပြောင်းလဲဖြစ်ပေါ်နေတဲ့အရာတွေကို သတိပြုမိဖို့ အခက်တွေ့ကြရပါတယ်။ အဲဒါ
ပြဿနာဖြစ်ပါတယ်။ ခိုင်မြဲတဲ့သမီးရည်းစားဆက်ဆံရေးမှာ သူတို့ရဲ့မတူညီကွဲပြားမှုများကို တန်ဖိုးထားလေးစားပြီး အချင်းချင်းနှစ်သိမ့်မှု အပြည့်အဝပေးနိုင်ကြတဲ့ လူနှစ်ဦးသာဖြစ်ပါ
တယ်။ မိမိ သိနားမလည်တဲ့ လူတစ်ဦးကို နောက်ဆုံးမှာတော့ တကယ်မချစ်နိုင်ကြပါဘူး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment