ဒီဖြစ်စဉ်ဟာ ဟင်္သာတမြို့နယ်မှာ တစ်ကယ်ဖြစ်ပွားခဲ့တာပါ။ ဒါကို လိုက်အတုမယူဖို့ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့.....
တစ်နေ့
ကျွန်တော်တာဝန်ကျရာ အိမ်မဲမြို့ရေးမှာ အနားယူနေတုန်း အိမ်ရှေ့ကို
သူဖုန်းစားအမ်ျုးသမီးတစ်ဦး ရောက်ရှိလာပါတယ်။ ကျွန်တော်လည်း
ထမင်းထုပ်လေးသွားပေးတော့ လားလားကျွန်တော်နဲ့ရင်းနှီးဖူးတဲ့
စတိုးဆိုင်ပိုင်ရှင် ဒေါ်ဝတုတ်ပါလား။ ဒေါ်ဝတုတ် ကျုပ်ကိုမှတ်မိသေးလား မေးတော့
သူကအသေအချာကြည့်ပါတယ်။ပြီးတော့ ခေါင်းခါတယ်။ သူမမမှတ်မိပါ။
သူမတော်တော်လေးအိုမင်းသွားပါပြီ။
မျက်နှာတစ်ခြမ်းမှာ မီးလောင်ဒဏ်ရာလို အမာရွတ်နှင့်အတူ
မျက်လုံးပါကန်းနေပါတယ်။တစ်ဖက်ကတော့ ၀ါးနေပါတယ်။ အ၀တ်အစားက
ကြေးအထပ်ထပ်နှင့်ဟောင်းနွမ်းနေပြီး တစ်ခါကစတိုးဆိုင်ပိုင်ရှင်ကြီး
ဆိုလျှင်သံသယရှိပေမည်။
ကျွန်တောလေ အရီးရဲ့။ ဟင်္သာတမှာ နေတုန်းက
ဘေးအိမ်ကဖိုးသားလေ ဆိုတော့ အတန်ကြာ စဉ်းစားပြီး မျက်ရည်ဝဲလာတယ်။
ကျွန်တော်လည်း သူမကိုတွဲပေးရင်း ခြံထဲမှာ နားစေပါတယ်။ ဒေါ်ဝတုတ်ရယ်
ဘယ်လိုဖြစ်တာလည်းဗျာ ဆိုတော့ သူမအဝေးကို ငေးရင်း......
ဟင်္သာတနယ်မှာ
၁၉၉၈ခုနှစ်လောက်က. ..ရပ်ကွက်မှာ ဒေါ်ဝတုတ်စတိုးဆိုရင် မသိသူမရှိပါဘူး။
ပြိုင်ဘက်ကင်းမို့ ဈေးလည်းကြီးပါတယ်။ သူကအတိုးလည်း ပေးစားပါတယ်။ ဒါကြောင့်
ရပ်ကွက်မှာ တော်တော်လေး သြဇာညောင်းပါတယ်။ သူ့အကြွေးမှမကင်းကြကိုး။ အစကတော့
ကောင်းရောင်းကောင်းဝယ်ပါ။ ကြာတော့ သူလည်းလောဘတက်လာပြီး
အရင်းရှင်ဆန်လာပါတယ်။ အတိုးမပေးနိုင်သူဆိုရင် ကျွဲနွားတွေသိမ်းပြီး
ကုလားတွေကိုပြန်ရောင်းစားပါတယ်။ သူကျိုးပေးမို့လေလားမသိပါ
သူမစီးပွားရေးတော်တော်အဆင်ပြေပါတယ်။
တစ်ခါတော့ သူမရဲ့မျက်စောင်းထိုးမှာ
စတိုးဆိုင်တစ်ဆိုင်ပေါ်လာပါတယ်။
ဈေးနှုန်းလည်းသက်သာပြီးဆက်ဆံရေးပြေပြစ်ပါတယ်။ အကြွေးကိုလည်း
အရစ်ကျဆပ်နိုင်တာမို့ အချိန်တိုအတွင်း ရောင်းအားတက်လာပါတယ်။
ဒေါ်ဝတုတ်ဆိုင်ကတော့ ရောင်းအားကျပေမယ့် နယ်ဝယ်လက်တွေအစိုးရထားတော့
ပုံမှန်ရောင်းဝယ်နိုင်ပါတယ်။ကြာတော့လည်း သူမကမနာလို စိတ်များလာပါတယ်။
ဒီတော့ မကြံအပ်တာကြံပါတော့တယ်။
အောက်လမ်းဆရာ အကြံပေးချက်အတိုင်း
တစ်ခုသောညရဲ့ လမိုက်ညသန်းခေါင်ယံမှာ ဒေါ်ဝတုတ်တစ်ယောက်
ပြိုင်ဘက်စတိုးဆိုင်ရှေ့ရောက်နေပါတယ်။ သူမတစ်ယောက်တည်းပါ။ ခွေးတွေလည်း
အူနေပါတယ်။ အချိန်ရောက်တော့ သူမအိပ်ထဲက သဲတဆုပ်ယူပြီး တိုင်တည်လိုက်ပါတယ်။
ထိုသဲကား သင်္ချိင်းမြေမှ စီရင်ထားသောသဲ။ိ အသင်မကောင်းဆိုးဝါးနာနာဘ၀များ
ဒီအိမ်ကြီးအား နှောင့်ယှက်ကြလေလော့။ သင်တို့စိတ်ကြိုက် ပြုမူကြလေလော့။
စီးပွားကျအောင်နှောင့်ယှက်ကြလေလော့။ ကျွနုပ်၏ လက်ထဲကိုင်ထားသော
မဟာပထ၀ီမြေကြီး သဲအစုစုအားသက်သေထားလျက် နောင်ဘ၀အဆက်ဆက် ဒီအကုသိုလ်ကံကို
ဒီသဲီပမာဏရှိသော အဆအတိုင်းခံယူပါမည်ဟု ကျွန်ုပ်သက်သေပြုပါသည် ဆိုလျက်
အသက်အောင့်ပြီး ဆိုင်ရှေ့ဝယ် လက်နောက်ပြန် ကျောခိုင်းပြီး သဲတဆုပ်ကို
ကြဲလိုက်သည်။ ညသည် တိတ်ဆိတ်လျက်။
မကြာပါ အဆိုပါပြိုင်ဘက်ဆိုင်သည်
စီးပွာဒကျပြီး ပိတ်သိမ်းကာပြောင်းသွားရလေသည်။ အိမ်ပိုင်အဆက်ဆက်
ဒုက္ခရောက်ရလေသောကြောင့် ထိုအိမ်ကို ဘယ်သူမှမ၀ယ်ရဲပဲ သောင်တင်နေတော့သည်။
ဒေါ်ဝတုတ်ကြီးကတော့ တပြုံးပြုံး။ သူမကားပြိုင်ဘက်ကင်းမဲလေပြီ။
ဝဋ်သည် လည်စမြဲ။
သူမတိုင်တည်ထားသည့်အတိုင်း
နောင်ဘ၀တောင်မကူးပေ။ ငွေချမ်းသာလာတော့ ယောကျားက ဖောက်ပြန်ပြီး
နောက်မိန်းမနှင့် အိမ်ကရွှေတွေယူကာ အစပျောက်သွားသည်။ သားသမီးများမှာလည်း
မကောင်းသူများနှင့်ညားကာ စိတ်ဒုက္ခရောက်လေသည်။ တစ်ခုသော ည၀ယ်သူမ၏
ဆိုင်မှမီးစလောင်လေရာ သူမ၏စတိုင်းဆိုင်မှာ ပြာပုံအတိပြီးလေတော့သည်။ သူမလည်း
ထောင်ကျလေသည်။ ပြီးတော့ မီးလောင်ဒဏ်ရာဖြင့် မျက်စိကွယ်ခဲ့သည်။
ထောင်ကထွက်တော့ ပိုင်ဆိုင်မှုရယ်လို့ ဘာမှမရှိ
တစ်ခါက
သူဌေးမကြီး ခုတော့အမှိုက်ပုံတကာ လမ်းတကာ ဘုန်းကြီးကျောင်းတကာ
ရှာဖွေစားသောက်ရင်း အိမ်မဲကိုရောက်လာခဲ့သည်။ သူမခဗျာ မျက်ရည်ဝဲလျက်။
ကျွန်တော်လည်း
ဇနီး၏ အ၀တ်တစ်စုံကို လက်ဆောင်ပေးရင်း နောင်အစားအစာလိုလည်း
လိုသလိုလာယူပါဟုမှာလိုက်လေသည်။ သူမကားတောင်ဝှေးတစ်ချောင်းဖြင့် နားခိုရာ
ဘုန်းကြီးကျောင်းသို့ ပြန်သွားလေသည်။
တစ်ခုသောညနေ၀ယ် ဆရာAccident
caseနဲ့ Dedbody ရောက်နေပါတယ်။ ရဲတွေပါ ပါတယ်ဆရာ။ဆိုတော့
ဆေးရုံလိုက်သွားသည်။ ရဲအုပ်ဖြေတော့ အဖွားအိုတစ်ဦး
မမြင်မစန်းလမ်းဖြတ်ကူးရင်း ကားတိုက်မိရာ ပွဲချင်းပြီးသေဆုံးသွားသည်
ဆိုသောကြောင့်ဆေးရုံလာပို့ရကြောင်း ပြောလေသည်။ အလောင်းကို ကြည့်လိုက်ရာ
ဒေါ်ဝတုတ်။ ကျွန်တော်တွေဝေသွားသည်။ တစ်ချိန်က
ကျိကျိတက်ချမ်းသာခဲ့သောဒေါ်ဝတုတ်ခဗျာ သူမ၏ မကောင်းမှုကျိန်စာကြောင့်
မရှုမလှဘ၀ကူးရလေသည်။ို့ပြင်နောင်သံသရာဘ၀အဆက်ဆက် သဲဆုပ်မျှသော
ဘ၀ပေါင်းများစွာ ခံရပေတော့မည်။ သြော်လူသားတွေရဲ့
လောဘမနာလိုစိတ်ကားကြောက်ဖို့ကောင်းလေစွ။ ။
ဖြစ်ရပ်မှန်အား နာမည်လွှဲပြီး ကာယကံရှင်အား ငဲ့ကွက်သောအားဖြင့် ပြန်လည်ရေးသားထားပါသည်။
No comments:
Post a Comment