Friday, November 14, 2014

09-401625812 ကို သိလား

နေရာဒေသ ဘယ်လောက်ကွာကွာ
အချိန်ရာသီ ဘယ်လိုပြောင်းပြောင်း
လျော့ပါးပျက်ပြယ်မသွားကြတာ
အချစ်ရဲ့စစ်မှန်တဲ့သဘောထား
မဟုတ်လား!!
ဂုဏ်ပကာသန ရုပ်ရည်အလှအပတွေ
ဘယ်လောက်ကွာခြားလည်း
ဂရုမထား လက်တွဲသွားကြတာ
ချစ်ခြင်းရဲ့ သင်္ကေတအမှတ်အသား
မဟုတ်လား!!
ဘယ်လိုအခက်အခဲကြုံလာပါစေ
ရင်ဆိုင်ကျော်ဖြတ်နိုင်ကြတာ
ချစ်သူတွေရဲ့ပျော်ရွှင်စရာ ဘဝများမဟုတ်လား!!
ဒီသဘောထားတွေ တစ်ခုမှမရှိဘဲ
ချစ်တယ်လို့ မောင်ပြောရဲသေးတယ်နော်
"သိပ်ချစ်ပေမယ့် ကွာခြားတဲ့နှစ်အပိုင်းအခြား
ပတ်ဝန်းကျင်ရဲ့
သဘောထားကြောင့်
နောက်ဆုတ်လိုက်ရတာပါ"ဆိုတဲ့
မောင့်စကားများ ကျေးဇူးပြုပြီး
ခပ်တိုးတိုးပဲပြောပါမောင်
ချစ်ခြင်းကိုစောင့်ကြပ်တဲ့
နတ်မင်းကြီးကြားရင်
မောင်... ငရဲကြီးသွားမှာစိုးလှပါတယ် ။

No comments:

Post a Comment