Sunday, November 2, 2014

အကြင်နာ အပိုထားပြီး
ရင်မှာလျှိုထားတဲ့ဒီ အလွမ်း
မလွမ်းမိပါဘူးလို့
ငါမညာချင်ပါဘူး...
မင်းမလွမ်းလဲ ငါလွမ်းတယ်
ပထမတော့ အမှတ်မထင်
တမ်းတတယ် နောက်ပိုင်းတော့
လွမ်းရတယ်လေ...
အဓိပ္ပါယ်မဲ့နေတဲ့
အလွမ်းတော့မဟုတ်ဘူး
သောက်နေကျ
ကော်ဖီနွေးနွေးလေးတောင်
ကဗျာမဆန်ချင်တော့သလိုပဲ...
မင်းကိုသတိရနေတဲ့အချိန်
သတိရနေခွင့်
လွမ်းနေခွင့်ရှိနေရင်ဘဲ
ငါကျေနပ်နိုင်ပါရဲ့ ...

No comments:

Post a Comment