Monday, August 4, 2014

“ ချစ်သူ ( or ) ငါ့ဘဝရဲ့နတ်သမီး ”
ချစ်သူမှာ ဖြောင့်စင်းတဲ့ နှာတံလေး ရှိတယ် ။
ချစ်သူမှာ ကျော့ရှင်းနက်မှောင်တဲ့ ဆံကေသာရှိတယ် ။
ချစ်သူမှာ နှုးညံ့တဲ့ အပြုံးတစ်ပွင့်ရှိတယ် ။
ချစ်သူမှာ လကလေး လိုကွေးညွှတ်တဲ့ နှုတ်ခမ်းပါးပါးလေးကိုပိုင်ဆိုင်ထားတယ် ။
ချစ်သူမှာ ကြည်ရွှင်ဝင်းပတဲ့မျက်နှာထားရှိတယ် ။
ချစ်သူမှာ ဇင်ရော်တောင်မျက်ခုံးလေးရှိတယ် ။
ချစ်သူရဲ့ စကားသံကကြားရသူအဖို့ စိတ်ကိုရွှင်လန်းချမ်းမြေ့စေတယ် ။
ချစ်သူရဲ့ အကြည့်တွေက အားငယ်သူကိုနွေးထွေးစေတယ် ။
ချစ်သူရဲ့ စိတ်ထားကမြင့်မြတ်တည်ကြည်မှုရှိပြီးတော့ သူများပေါ်ကိုလည်း
အနှိုင်မယူတက်သလို သူများကိုလည်းအရှုံးမပေးတက်ဘူး ။
ကဲ .. ဘယ်လောက်ချစ်စရာကောင်းတဲ့ ကျွန်တော့်ဘဝရဲ့နတ်သမီးလေးလဲဗျာ … ။

No comments:

Post a Comment