Monday, August 4, 2014


တံခါးလေးမှားခေါက်ခဲ့မိတယ်
အိပ်ရေးပျက်သွားရင်ခွင့်လွှတ်ပါ
ကြိုးတွေလည်းဖြည်ချလိုက်ပါပြီ
ဒီတိုင်ကထွက်သွားခွင့်ပြုပါတော့
လာခဲ့တုန်းကအတိုင်းပါပဲ
လက်ထဲမှာဘာမှယူဆောင်မသွားခဲ့ပါဘူး
ကျွန်တော်ရောက်ခဲ့တယ်ဆိုတာ
ခင်ဗျားရဲ့ဧည့်မှတ်တမ်းက ဖျက်ပစ်လို့ ရပါပြီ
ကဗျာလည်းမဆန်ခဲ့ပါဘူး
ဂန္တ၀င်လည်းမတွင်ခဲ့ပါဘူး
ရင်ခုန်ခဲ့တယ်ဆိုတာလည်း
ခင်ဗျားစိတ်ကစားမိလို့ ဖြစ်မှာပါ
ဗျာ……….
အချစ်ဆိုတာလား
သြော်……..
ကျွန်တော်တို့ နှစ်ခြံကျော်က မာလီပေါ့ဗျာ
ခင်ဗျားသိလည်းအပိုပါပဲ
ကျွန်တော်အတင်းပြောရတာ ၀ါသနာမပါဘူး
ဖြည်းဖြည်းလည်းမပြောချင်တော့ပါဘူး
(သြော်……..ဟုတ်ပါတယ်ခင်ဗျာ)
ကျွန်တော်တံခါးလေးမှားခေါက်ခဲ့မိပါတယ်
အိပ်ရေးပျက်သွားခဲ့ရင် ခွင့်လွှတ်ပေးပါဗျာ……………………….။ ။

No comments:

Post a Comment