Monday, August 4, 2014


ကဆုန်ဆိုင်းချင်နေတဲ့ မြင်းတစ်ကောင်လို
ဇက်ကြိုးကို ချစ်သူရဲ့လက်ထဲ သာသာဖွဖွ အပ်ပါရဲ့
ကိုယ့်ကို … လေ
ချစ်ခြင်းမေတ္တာကြာပွတ်နဲ့ လွှဲလွှဲရိုက်ပါ
ကိုယ့်ကို … လေ
သံယောဇဉ်ကြာပွတ်နဲ့ လွှဲလွှဲရိုက်ပါ
ကို့ရဲ့ ….. ကျောပြင်ကို
ချစ်သူရဲ့ နှုးညံ့တဲ့…
လက်ကလေးနဲ့ လွှဲလွှဲရိုက်ပါ
ခွာတစ်ချက် မရှပ်ပါဘူး
ကို အားကုန်ပြေးပါ့မယ်
ချစ်သူက ….
တူနှစ်ကိုယ်ပန်းတိုင်လေးကိုသာ
ကြည့်ထားပေးပါနော်…ချစ်သူ…

No comments:

Post a Comment