Monday, August 4, 2014

တကယ်ဆို အချစ်ပဲ လိုတာကလည်း မယုံနိုင်တဲ့စကားဆိုပဲ
ကြုံနိုင်တဲ့ အမှားကိုသိပီး ကောင်မလေးတစ်ယောက်ကို ချစ်ခဲ့တော့
နီးစပ်ဖို့စဉ်းစားလိုက်တိုင်း မခုန်နိုင်တဲ့ဖားလိုဘဲ
စိတ်ဓာတ်ကျလို့ပြောချင်မိတယ် တရံတခါမှာတဲ့
မဖြစ်နိုင်တာကိုသိရက်နဲ့တော့ ပြန်မလာပါနဲ့
နင့်မိဘရဲ့စကားတွေကလည်းမှန်တာပါဘဲ
ငါလိုကောင်မျိုးချမ်းသာဖို့တောင် ကံကြမ္မာမပါခဲ့ တကယ်ပါဘဲငါ့ဘဝက ရှေ့ဆက်ဖို့တောင် ကြမ်းပါတယ်
အလွတ်ရတော့ သတိရမိတယ် ချိန်းတွေ့ဖူးတဲ့ လမ်းမှာလည်း ဘယ်သူတွေ ဘယ်လိုပြောပြော မင်းကိုတဖက်သတ် လွမ်းတာ အမြဲ ငါသိတယ် ဘယ်ဖက် ပါးကို ဘာလို့ ခဏခဏ နမ်းတာလည့်း 


ကဆုန်ဆိုင်းချင်နေတဲ့ မြင်းတစ်ကောင်လို
ဇက်ကြိုးကို ချစ်သူရဲ့လက်ထဲ သာသာဖွဖွ အပ်ပါရဲ့
ကိုယ့်ကို … လေ
ချစ်ခြင်းမေတ္တာကြာပွတ်နဲ့ လွှဲလွှဲရိုက်ပါ
ကိုယ့်ကို … လေ
သံယောဇဉ်ကြာပွတ်နဲ့ လွှဲလွှဲရိုက်ပါ
ကို့ရဲ့ ….. ကျောပြင်ကို
ချစ်သူရဲ့ နှုးညံ့တဲ့…
လက်ကလေးနဲ့ လွှဲလွှဲရိုက်ပါ
ခွာတစ်ချက် မရှပ်ပါဘူး
ကို အားကုန်ပြေးပါ့မယ်
ချစ်သူက ….
တူနှစ်ကိုယ်ပန်းတိုင်လေးကိုသာ
ကြည့်ထားပေးပါနော်…ချစ်သူ…
.. ချစ်သူရဲ့ စကား
ကိုယ့်နားထဲ .. ကြားလို့မဝဘူး ။
အေးမြတဲ့ .. ချစ်သူရဲ့အပြုံး
ကိုယ့်မျက်လုံးထဲ .. မြင်ယောင်ဆဲ ။
အိမ်မက်ထဲမှာ .. ထပ်တွေ့ချင်ပေမဲ့
အိပ်ပျော်အောင်မနည်းကြိုးစားနေရတဲ့
ဒီညဟာ ………
ချစ်သူ ကခုန်နှိုင်ဖို့ .. နှိုးထနေဆဲပါ ။
မခေါ်ပဲရောက်လာတဲ့ ဒြပ်မဲ့တဲ့အလွမ်းတွေလေ
ချစ်သူဖန်ဆင်းပေးခဲ့တာပေါ့ ။
ယုံပါ … ချစ်သူရယ်
ကိုယ်ဟာ … ချစ်အတွက်နဲ့
မိုးစက်တွေကျနေတဲ့ .. ဒီလိုညမျိုးမှာတောင်
မအေးမြနှိုင်အောင်ပဲ
ကို့ရင်မှာလေ .. ပူလောင်ပြင်းပြ
သတိရနေတယ်ဆိုတာ .. ။
ချစ်သူကိုသတိရတဲ့စိတ် .. အဆိပ်တက်သလို
နှိပ်စက်လိုက်တာလေ …
အလွမ်းတွေပြိုဆင်း
တမ်းတခြင်းကိုမြိုသိပ်လို့
ကို .. ဘယ်လိုအိပ်စက်မလဲ .. ချစ်ရတဲ့သူရယ်။
“ ချစ်သူ ( or ) ငါ့ဘဝရဲ့နတ်သမီး ”
ချစ်သူမှာ ဖြောင့်စင်းတဲ့ နှာတံလေး ရှိတယ် ။
ချစ်သူမှာ ကျော့ရှင်းနက်မှောင်တဲ့ ဆံကေသာရှိတယ် ။
ချစ်သူမှာ နှုးညံ့တဲ့ အပြုံးတစ်ပွင့်ရှိတယ် ။
ချစ်သူမှာ လကလေး လိုကွေးညွှတ်တဲ့ နှုတ်ခမ်းပါးပါးလေးကိုပိုင်ဆိုင်ထားတယ် ။
ချစ်သူမှာ ကြည်ရွှင်ဝင်းပတဲ့မျက်နှာထားရှိတယ် ။
ချစ်သူမှာ ဇင်ရော်တောင်မျက်ခုံးလေးရှိတယ် ။
ချစ်သူရဲ့ စကားသံကကြားရသူအဖို့ စိတ်ကိုရွှင်လန်းချမ်းမြေ့စေတယ် ။
ချစ်သူရဲ့ အကြည့်တွေက အားငယ်သူကိုနွေးထွေးစေတယ် ။
ချစ်သူရဲ့ စိတ်ထားကမြင့်မြတ်တည်ကြည်မှုရှိပြီးတော့ သူများပေါ်ကိုလည်း
အနှိုင်မယူတက်သလို သူများကိုလည်းအရှုံးမပေးတက်ဘူး ။
ကဲ .. ဘယ်လောက်ချစ်စရာကောင်းတဲ့ ကျွန်တော့်ဘဝရဲ့နတ်သမီးလေးလဲဗျာ … ။
“ ချစ်သူ ( or ) ငါ့ဘဝရဲ့နတ်သမီး ”
ချစ်သူမှာ ဖြောင့်စင်းတဲ့ နှာတံလေး ရှိတယ် ။
ချစ်သူမှာ ကျော့ရှင်းနက်မှောင်တဲ့ ဆံကေသာရှိတယ် ။
ချစ်သူမှာ နှုးညံ့တဲ့ အပြုံးတစ်ပွင့်ရှိတယ် ။
ချစ်သူမှာ လကလေး လိုကွေးညွှတ်တဲ့ နှုတ်ခမ်းပါးပါးလေးကိုပိုင်ဆိုင်ထားတယ် ။
ချစ်သူမှာ ကြည်ရွှင်ဝင်းပတဲ့မျက်နှာထားရှိတယ် ။
ချစ်သူမှာ ဇင်ရော်တောင်မျက်ခုံးလေးရှိတယ် ။
ချစ်သူရဲ့ စကားသံကကြားရသူအဖို့ စိတ်ကိုရွှင်လန်းချမ်းမြေ့စေတယ် ။
ချစ်သူရဲ့ အကြည့်တွေက အားငယ်သူကိုနွေးထွေးစေတယ် ။
ချစ်သူရဲ့ စိတ်ထားကမြင့်မြတ်တည်ကြည်မှုရှိပြီးတော့ သူများပေါ်ကိုလည်း
အနှိုင်မယူတက်သလို သူများကိုလည်းအရှုံးမပေးတက်ဘူး ။
ကဲ .. ဘယ်လောက်ချစ်စရာကောင်းတဲ့ ကျွန်တော့်ဘဝရဲ့နတ်သမီးလေးလဲဗျာ … ။

ညတွေရဲ့ပိန်းပိတ်မှုတွေထဲ ဘ၀တွေမှောင်တယ်
မွတ်သိပ်မှုတွေထဲ စကားလုံးနဲ့ အလင်္ကာတွေခြောက်ကပ်
ကျွန်တော်လွယ်ပိုးထားတဲ့အထုပ်လေး ဖြည်ချလိုက်တော့မယ်
(မတိုင်းနဲ့  မနှိုင်းနဲ့ )
ရာဇ၀င်တွေရိုင်းသွားလောက်အောင်လူဖြစ်ရှုံးမယ်
ဝါဒတွေ မာနတွေနဲ့ ခုတ်ထစ်
အဲဒီ့စကားစစ်တွေ အခုရပ်ကြပါတော့
မပြောချင်ဘူး…..မပြောချင်ဘူး
ကျွန်တော်မပြောချင်ဘူးလို့ ခဏခဏပြောထားတယ်လေ
(ပြောချင်အောင်မလုပ်ကြပါနဲ့ …..)
တစ်ခရီးထဲသွားတွေပဲ
ကူဖော်လောင်ဖက်မဟုတ်ခဲ့ရင်တောင်
သွားဖော်သွားဖက်အသိ သတိပြုသင့်တယ်
ကမ္ဘာကနည်းနည်းစောင်းတယ်
အမြင်တွေလည်းစောင်းချင်စောင်းမယ်
ဒီလမ်းလေးကိုတော့ကောင်းအောင်ပြုပြင်ပေးကြပါ
( အမှိုက်မပစ်ရ ….)
ခေါင်းအုံးတစ်လုံးထဲအတူတူအိပ်ပေမယ့်
အိပ်မက်ချင်းတော့တူချင်မှတူလိမ့်မယ်
နတ်သမီးအိပ်မက်မက်ခွင့်ရှိသလို
တေလေအိပ်မက်လည်းမက်ခွင့်ရှိတယ်
ဆင်တူမက်မိတဲ့အိပ်မက်လည်းဖြစ်ချင်ဖြစ်မယ်
တစ်ဖက်သတ်ကောက်ချက်နဲ့ကိုယ်ပြောတာအမှန်ဆိုရင်တော့
ကဗျာကို က ကြီးနဲ့ မစနဲ့ 
ဗ လက်ချိုင့်ကို ယပင့်နဲ့ ရေးချ မထည့်နဲ့ 
အဲဒါဆိုရင်တော့ခင်ဗျာပြောတဲ့အတွေးနဲ့ သွားတည့်မယ်
ဒါမှကြိုက်တယ်ဆိုရင်တော့ လမ်းကြောင်းအသစ်ဖောက်
ခင်ဗျားအတွက်ရှေ့ မှာ ဆူးညှောင့်တွေရှိတယ်
(ကြားဖူးမှာပေါ့….)
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ဆိုတာ
ငါးခုံးမလည်းအဖြစ်မခံနဲ့ 
လှေလည်းအပုတ်မခံနဲ့ 
ငါးပိရည်ကျိုမှကြိုက်တယ်ဆိုရင်တော့
ဒီက၀က်သား ခင်ဗျားလာလဲမစားနဲ့ 
နာမည်တွေ ၀ါဒတွေ သီအိုရီတွေနဲ့ 
မပိန်းနဲ့  မပိတ်နဲ့ 
မဖိနဲ့ မနှိပ်နဲ့ 
မချည်နဲ့  မနှောင်နဲ့ 
မယူနဲ့  မငင်နဲ့ 
အရင်ကဟင်းလင်းပြင် သူ့ အသွင်အပြင်နဲ့ သူရှိပါစေ
နာမည်ကျော်ကြား လူကြိုက်များချင်ရင်တော့
( လာ ……ဗီနိုင်းလုပ်)
စာလုံးကြီးကြီးနဲ့ ထုတ်ပေးမယ်……..။ ။

တေလေလေးရဲ့ အိမ်မက်ရိုင်း
ကိုယ့်ရင်ဘတ် ကိုယ်နဖားကြိုးတပ်ရင်း လမင်းကိုကြိုးကွင်းပစ်ဖမ်းတဲ့ည
လှုပ်လီလှုပ်လဲ့ကြယ်တွေက မခို့ တရို့ ပြုံးပြသွားကြတယ်
(ဒီကကောင်ပဲလေဗျာ………)
အဖန်ငါးရာ ငါးကမ္ဘာ ကဗျာတွေထဲမှာ အကြိမ်ကြိမ်သေပေးသွားခဲ့တာ
လူသေတယ် ရင်ဘတ်သေတယ် ကဗျာသေတယ်
အိမ်မက်သေတယ် အတွေးသေတယ် အနာဂတ်သေတယ်
ဒီကဗျာအတွက် ဘယ်အသပြာမှမစွန့် ကြဲပါနဲ့ 
(ယားလို့ ရေးတဲ့ ကဗျာ…….)
ခင်ဗျားအပေါ်ယံစာနာစရာတော့မလိုဘူး
လက်ခုပ်မတီးပဲ ခြေခုပ်တီးလည်းဖြစ်တယ်
တစ်ကိုယ်ရေ တစ်ကာယ ကိုယ့်ကိုယ်ကိုပြန်ပြုံးပြနေရတာ လှတယ်
(ကိုယ်အလောင်းကိုယ်ပိုက်……. …)
ကျွန်တော့်အနီးတစ်ဝိုက်မှာ စကားစစ်ခင်းသံသောသောညံတယ်
ခင်ဗျားသတ်လို့ သေတဲ့ကဗျာဆရာတွေထဲမှာ ကျွန်တော်မပါဘူး ကဗျာမပါဘူး
(ပေလွှာမှာ ရွှေတင်ပြီးမှတ်……)
ခင်ဗျားဂဏန်းပေါင်းစက်မှာ သုညတွေတန်းစီရေးပြမယ်
ကိုယ့်ရင်ဘတ် ကိုယ်နဖားကြိုးတပ်ရင်း လမင်းကိုကြိုးကွင်းပစ်ဖမ်းတဲ့ ညဗျ
လှုပ်လီလှုပ်လဲ့ကြယ်တွေက ကျွန်တော့်ကို မခို့ တရို့ ပြုံးပြသွားကြတယ

ဖြိုက်ဖြိုက်ရွာသွန်းချ ၊ မိုးလေချမ်းအေးမြချိန်
စိတ်ကူးအတွေး ၊ ချစ်သူဘေးဝယ်
တစ်ချိန်ကိုယ့်ပခုံးထက် ၊ ကြင်နာသူခေါင်းလေးအုံးလို့
ကြည့်နူးခဲ့စဉ် ထိုအရင်က… သူတို့နှစ်ဦး ချစ်ခဲ့ဖူးသည်။ ။ ..
မိုးကိုမကြောက် ၊ အတူတွဲလျှေက်လို့
ပေတစ်ရာထက်၊ ခြေရာပျက်ပြယ်
မဆုံးသောလမ်း လျှောက်စတမ်းနော်။ ။ …
တုန်ရီချမ်းမြ ၊ ခိုက်လှပါလည်း
နွေးထွေးမှုဓါတ် ၊ ချစ်သူလက်ဝယ်
ရှိသည့်အလား ၊ ချမ်းပါသော်လည်း
မချမ်းဟုထင် ၊ ချစ်စိတ်ပင်လျှင်
စွမ်းသည့်အလား ။ ။ ….
စိတ်ကူးတစ်ပိုင်း ၊ အတိတ်ရိုင်းက
လွင့်စင်ပျယ်ပြောက် ၊ ဘယ်ဆီရောက်လို့
ဘယ်ရင်ခိုနား ၊ ပျော်နေငြားလည်း
ကိုယ့်ချစ်သူ ။ ။….

တံခါးလေးမှားခေါက်ခဲ့မိတယ်
အိပ်ရေးပျက်သွားရင်ခွင့်လွှတ်ပါ
ကြိုးတွေလည်းဖြည်ချလိုက်ပါပြီ
ဒီတိုင်ကထွက်သွားခွင့်ပြုပါတော့
လာခဲ့တုန်းကအတိုင်းပါပဲ
လက်ထဲမှာဘာမှယူဆောင်မသွားခဲ့ပါဘူး
ကျွန်တော်ရောက်ခဲ့တယ်ဆိုတာ
ခင်ဗျားရဲ့ဧည့်မှတ်တမ်းက ဖျက်ပစ်လို့ ရပါပြီ
ကဗျာလည်းမဆန်ခဲ့ပါဘူး
ဂန္တ၀င်လည်းမတွင်ခဲ့ပါဘူး
ရင်ခုန်ခဲ့တယ်ဆိုတာလည်း
ခင်ဗျားစိတ်ကစားမိလို့ ဖြစ်မှာပါ
ဗျာ……….
အချစ်ဆိုတာလား
သြော်……..
ကျွန်တော်တို့ နှစ်ခြံကျော်က မာလီပေါ့ဗျာ
ခင်ဗျားသိလည်းအပိုပါပဲ
ကျွန်တော်အတင်းပြောရတာ ၀ါသနာမပါဘူး
ဖြည်းဖြည်းလည်းမပြောချင်တော့ပါဘူး
(သြော်……..ဟုတ်ပါတယ်ခင်ဗျာ)
ကျွန်တော်တံခါးလေးမှားခေါက်ခဲ့မိပါတယ်
အိပ်ရေးပျက်သွားခဲ့ရင် ခွင့်လွှတ်ပေးပါဗျာ……………………….။ ။

အာရုံ


ဖြိုက်ဖြိုက်ရွာသွန်းချ ၊ မိုးလေချမ်းအေးမြချိန်
စိတ်ကူးအတွေး ၊ ချစ်သူဘေးဝယ်
တစ်ချိန်ကိုယ့်ပခုံးထက် ၊ ကြင်နာသူခေါင်းလေးအုံးလို့
ကြည့်နူးခဲ့စဉ် ထိုအရင်က… သူတို့နှစ်ဦး ချစ်ခဲ့ဖူးသည်။ ။ ..
မိုးကိုမကြောက် ၊ အတူတွဲလျှေက်လို့