ဘာမှန်းညာမှန်းမသိဘဲ
အသည်းခွဲခံရပြီး
နှလုံးသားကဟက်တက်ကွဲရတော့
လူကအူကြောင်ကြားကိုဖြစ်လို့
ပထမဦးဆုံးအချစ်မို့
အလူးအလဲခံစားရတာတော့မှန်ပါတယ်
ဒါပေမယ့်
အမှန်တော့နင့်အပြစ်တော့မဟုတ်ပါဘူး
အယုံလွယ်တာကိုကငါ့အမှားလေ
အခုမှတော့ပြန်မပြင်ချင်တော့ပါဘူး
အသည်းကွဲတဲ့အရသာကိုသိသွားတာက
ငါ့အတွက်
အမြတ်ပေါ့။
No comments:
Post a Comment