မိသားစုထမင်းဝိုင်း
ထမင်းစေ့တွေပြန့်ကျဲနေတယ်…
တစ်ယောက်ကအဖြူဆို
တစ်ယောက်ကအမဲ
တစ်ယောက်ကအ၀ိုင်းဆိုရင်
တစ်ယောက်ကလေးဒေါင့်
တစ်ယောက်နဲ့တစ်ယောက်
သံသယပုတီးစိပ်လို့…..
“မရှိတာထက် မသိတာခက်တယ်” ဖေဖေ မေမေရယ်
“နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ်” ဆိုတဲ့သီချင်းကို
အခါခါနားထောင်မိတယ်
ဖန်ခွက်ထဲကရေလည်းတစ်စက်မှမကျန်တော့ဘူး
ကိုယ့်တဲကိုကိုယ်လည်းမီးမွေးမိခဲ့ပြီ
မညီညွတ်ခြင်းရဲ့အဖြေက
ဆင်းရဲခြင်းဆိုတာ သိပါတော့…
No comments:
Post a Comment