Tuesday, December 10, 2013
ပုစ္ဆာ
အချစ်ဆိုတာ သေချာမှုနဲ့ တွက်တဲ့ ပုစ္ဆာမဟုတ်ဘူး…..
အချစ်ဆိုတာ မင်းကို တပ်မက်မိတဲ့ ငါ့ရဲ့လေးနက်မှုတစ်ခုပဲ။
ပြီးတော့ အချစ်ဆိုတာ အနွေးအင်္ကျီတစ်ထည်လည်းဖြစ်တယ်။(မင်းမ၀တ်ခဲ့တာကလွဲရင်ပေါ့)
တစ်ခါတစ်ခါ အချစ်ဆိုတာ အစီအစဉ်လည်းမကျတတ်ဘူး။
အသည်းကွဲခဲ့တုန်းက အချစ်ဆိုတာ ဘယ်ဘက်ရင်အုံထဲမှာ ကပ်နေတဲ့မျော့တစ်ကောင်ပဲ…..
တကယ်တော့ အချစ်ဆိုတာ လက်ထိုးအန်ရလောက်အောင်ကို မှုးတဲ့ အရာဖြစ်တယ်။
နောက်ပြီး အချစ်ဆိုတာ မင်း လွှင့်ပစ်လိုက်တဲ့ ငါရဲ့ပန်းတစ်ပွင့်ဖြစ်ချင်ဖြစ်မယ်။
တစ်ခြမ်းပဲ့နေတဲ့ သစ်သီးတစ်လုံးလည်း ဖြစ်တယ်။
သေချာပါတယ် အချစ်ဆိုတာ လူတစ်ယောက်လုံး အဓိပါယ်မဲ့သွားအောင်လုပ်နိုင်တယ်ဆိုတာ…..
အချစ်ဆိုတာ……….
အချစ်ဆိုတာ……………
အချစ်ဆိုတာ………………..
နောက်ဆုံး…..
အချစ်ဆိုတာ မင်းပေးတဲ့ တစ်သက်စာ ဒဏ်ရာတစ်ခုပဲဖြစ်ခဲ့တယ်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment