မနက်မိုးလင်းတိုင်း
အနားမှာ နင်ရှိနေသလို
ခံစားချက်နဲ့ ငါ့ဖုန်းထဲက
နင်ပို့လာမဲ့ Message လေးကို
မျှော်လင့်မိတယ်
ဒါက
အိပ်ပုတ်လေး ထတော့ဖြစ်နိုင်သလို
မောနင်း အကျင့်ပုတ်
ဆိုတဲ့ စာလေးလည်းဖြစ်နိုင်တယ်
တခါတလေ နင်မရှိရင်မဖြစ်တဲ့ဘဝမှာ
ရင်ဘက်နဲ့မမျှတဲ့ မျှော်လင့်ခြင်းတွေ
ငါထားတက်နေပြီ ချစ်သူ
ပြီးတော့
နင့်အနားမှာ နေချင်မိတဲ့
စိတ်ကူးလေးတွေနဲ့ပေါ့
နင့်ဆီကနေ
အရမ်းလွမ်းလို့  ဖုန်းခေါ်လိုက်တာ လို့ပြောတဲ့
စကားလေးတွေလည်း
မျှော်လင့်မိသေးတယ်
No comments:
Post a Comment