Thursday, October 23, 2014

နှုတ်ခမ်းနီမလေးတွေကို ငေးတယ်
ဒါပေမယ့် .. သနပ်ခါးမလေးတွေကို ရွေးတယ်
ဆံနီမလေးတွေကို ကြည့်တယ်
ဒါပေမယ့် .. ဆံကျစ်ကလေးတွေဆို ငြိတယ်
sexy လေးတွေကို တပ်မက်တယ်
ဒါပေမယ့် .. အိနြေ္ဒရှင်လေးကိုပဲ လက်ထပ်တယ်
အတို အဟိုက်လေးတွေဆို မျက်ဝန်းမှာ ဝဲနေတယ်
ဒါပေမယ့် .. ရင်ဖုံး လုံချည် လေးတွေပဲ ရင်တွင်းမှာ စွဲစေတယ်
လရောင်အောက်က ချစ်သူဆို မက်မဆုံး ကြည်နူးတယ်
ဒါပေမယ့် .. နေရောင်အောက်က ချစ်သူကိုပဲ တစ်သက်လုံး ရည်စူးတယ်
၃ နှစ် ၃ မိုးခေတ် မဟုတ်တော့လို့
၃ ရက် ၃ မိနစ် အချစ်ကို ကြည်နူးတယ်
ဒါပေမယ့် စံပယ်တွေ လွယ်လွယ်ပွင့်ရင်
လွယ်လွယ်လေးပဲ လွှင့်ပစ်တတ်ကြတယ်
မိန်းကလေးရေ !!
မင့် ဘယ်လောက်ပဲ ဖလန်းဖလန်း ထထ
လူပျိုတွေ တမ်းတမ်းတတ စာရင်းထဲတော့
မင်း ... မပါဘူး

No comments:

Post a Comment