မင်းကြောင့်
အခုချိန်မှာ ငါနှလုံးသားတစ်စုံဟာ
သမားတော်ဇီဝကဆီ သွားပြရင်တောင်မှ
ကုလို့ရမယ်မထင်...
နှလုံးသားကိုဓာတ်ကင် လေဆာရောင်ခြည်နဲ့
ကုရင်တောင် သက်သာလာမယ်မထင်...
မင်းပြန်လာမယ်လို့အယူစွဲနေတဲ့
ငါနှလုံးသားကို အရှင်အာနန္ဒာတောင်
တရားချနိုင်မယ်မထင်...
ငိုကြွေးနေတဲ့ငါ့နှလုံးသားကို
5starsအဖွဲ့တောင်မှရယ်အောင်လုပ်နိုင်မထ. ခြောက်သွေ့နေတဲ့ငါ့နှလုံးသား
တစ်စုံကို ပစိဖိတ်သမုဒ္ဒရာနှစ်ဆေးရင်တောင်
စိုစွတ်လာမယ်မထင်...
ရပ်တန့်သွားတဲ့ငါ့နှလုံးသားဟာ
ဂျပန်ငလျင်လှုပ်ရင်တောင်
ပြန်ပြီးလှုပ်ရှားလာမယ်မထင်...
ဒါတွေအားလုံးက မင်းကြောင့်
ဖြစ်ခဲ့ရတာပါ
ချစ်သူရာ.
No comments:
Post a Comment