Thursday, April 9, 2015

you know ??

၁။ အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သ ည်။

၃။ အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ်ကို မိမိ လိမ်လည် နေ ခြင်းဖြစ်သည်။

၎။ အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။

၅။ အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျ ဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အား ငယ်မှု ဖြစ်သည်။

၈။ အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ် သည်။

၉။ အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။်ကိုယ်ပိုင်အနာဂတ် မျှော်လင့် ချက်ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်း မွန်ခြင်းဖြစ်သည်။

၁၁။ အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေး သံသရာဖြစ်သည်။

၁၂။ အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံနိုင်စွမ်းရှိသော စိတ်ဓာတ် ဖြစ်သည်။

၁၃။ အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။

၁၄။ အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်

အိမ်တွင်းပိုးပွားများ ကာကွယ်နညိး

အိမ်တစ်အိမ်မှာ ပိုးမွှားတွေသောင်းကျန်းပြီဆိုရင် အိမ်ရှင်မ ဖြစ်သူ က အရင်ဆုံးစိတ်ပင်ပန်းရပါတယ်။ ဒီပိုးမွှားလေးတွေကို နှိမ်နင်းဖို့ ဓာတုဆေးဝါးတွေဖြန်းရတဲ့အခါ ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေကို သက်ရောက်မှုမရှိစေဖို့ ကြိုးပမ်းရတာဟာလည်း အိမ်ရှင်မတွေအတွက် ပင်ပန်းစေတဲ့အရာဘဲဖြစ်ပါတယ်။ တစ်ချို့ အိမ်ရှင်မတွေအနေနဲ့ကတော့ကျန်းမာရေးအရ ဓာတုဆေးဝါးတွေနဲ့ ပိုးမွှားတွေကို နှိမ်နင်းရတာကို မနှစ်သက်ကြသူတွေရှိကြပါတယ်။ ဒီအတွက် ဓာတုဆေးဝါးတွေသုံးစရာမလိုတဲ့ မိရိုးဖလာ သဘာဝနည်းလမ်းတွေက လည်း အိမ်ရှင်မတွေအတွက်များစွာ အထောက်အကူပြု စေနိုင်ပါတယ်။

(၁) ပရွက်ဆိတ်တွေပြေးနိုင်တဲ့နည်းလမ်း

လက်ချားနဲ့ သကြားအနည်းငယ်ကို ရောပြီး ပရွက်ဆိတ်ကလေးတွေ ဝေးဝေးပြေးအောင်လုပ်နိုင်ပါတယ်။ သကြား တစ်ခွက်နဲ့ လက်ချားတစ်ခွက်ကိုရောပြီး ကရားလေးတစ်ခုထဲထည့်ပါ။ ကရားအဖုံးလေးကို အပေါက်လေးတွေ ဖေါက်ပြီး အိမ်တွင်းအိမ်ပြင် အောက်ခြေတ၀ိုက်မှာ ဖြူးပါ။ ပရွက်ဆိတ်လေးတွေဟာ သကြားစားဖို့လာရင်းနဲ့ လက်ချားရဲ့အဆိပ်မိသွားကြမှာဖြစ်ပါတယ်။

(၂)ပိုးဟပ်တွေပြေးနိုင်တဲ့နည်းလမ်း

သင့်အိမ်ထဲ ပိုးဟပ်ရှိနေပြီဆိုရင်တော့ မီးဖိုချောင်နဲ့ ရေချိုးခန်းအံဆွဲတွေမှာ လက်ချားမှုန့်နည်းနည်း ဖြူးလိုက်ပါ။ ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေလာနိုင်တဲ့ နေရာတွေကို မဖြူးမိပါစေနဲ့။

(၃) ပျားပိတုန်းတွေ၊ နကျယ်ကောင်တွေပြေးတဲ့နည်းလမ်း

ပျား၊ ပိတုန်းနဲ့ နကျယ်ကောင်တွေ သင့်အိမ်ထဲဝင်လာနေပြီး ပိုးသတ်ဖြန်းဆေးဘူးလည်း အဆင်သင့်ရှိမနေဘူးဆိုရင်တော့ ဆံပင်ဖျန်းဆေးနဲ့သာ ဖြန်းလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

(၄) သန်းတွေပြေးတဲ့ နည်းလမ်း

သင့်အိမ်ထဲမှာ သန်းကောင်တွေရောက်နေပြီဆိုရင်တော့ ဆေးမဖြန်းခင် ဖုန်စုပ်စက်နဲ့သေသေချာချာ သန့်ရှင်းရေးလုပ်ရပါမယ်။ ပြီးရင်တေယ့ အမှိုက်ထုပ်ကို ချက်ချင်းသွားပစ်လိုက်ပါ။

(၅)ခြင်ပေါက်ပွားမှုကိုလျော့ချနိုင်တဲ့နည်းလမ်း

ခင်ပေါက်ဖွားမှုကို လျှော့ချနိုင်ဖို့အတွက် ရေလှောင်ကန်ရ့ အဖုံးတွေကို ဖွင့်မထားမိဖို့နဲ့ ရေကို မှန်မှန်လဲပေးဖို့ အမြဲသတိရှိပါ။

(၆) ကင်းခြေတွေ ကို နှိမ်နင်းနိုင်တဲ့နည်းလမ်း

ကင်းခြေတွေကို ကင်းခြေများတွေဟာ ပိုးကောင်ကလေးတွေကို ဖမ်းယူစားသောက်တတ်ပါတယ်။ ဒါကြောင့် သင့်အိမ်ထဲမှာ ကင်းခြေများကိုတွေ့တယ်ဆိုရင်တော့ တခြားပိုးမွှားတွေပါ ရှိနေနိုင်တာအသေအချာပါပဲ။

(၇) ခြတွေကို နှိမ်နင်းနိုင်တဲ့နည်းလမ်း

သစ်သားတွေမှာ အပေါက်ကလေးတွေ တွေ့တယ်ဆိုရင်တော့ ဒါဟာ အခြားပိုးမွှားကိုက်တာမဟုတ်ပဲခြကိုက်တာပဲဆိုတာ ခွဲခြားပါတယ်။ခြတွေဟာ သစ်သားတွေရဲ့ နူးညံ့တဲ့အပိုင်းတွေကို ရွေးချယ်စားသောက်လေ့ရှိတာကြောင့် သစ်သားပေါ်မှာ အပေါက်ကလေးတွေ ကျန်နေတတ်ပါတယ်။

(၈)ကြမ်းပိုးတွေကို နှိမ်နင်းနိုင်တဲ့နည်းလမ်း

သင်ဟာ တိုက်ခန်းတွေအများအပြားရှိတဲ့ အဆောက်အအုံမှာနေတယ်ဆိုရင်တော့ မိမိဘာသာ ပိုးမွှားနှိမ်နင်းမှုဟာ ကာလတာရှည်ထိရောက်မှုမရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပိုးမွှားတွေဟာ တိုက်ခန်းတစ်ခန်းကနေ တစ်ခန်းကို ကူးလာနိုင်လို့ပါပဲ။ ဒါကြောင့် ကြမ်းပိုးတွေကို အမြစ်ပြတ်နှိမ်နင်းချင် ရင်တော့ တိုက်ခန်းအားလုံးပူးပေါင်းပါဝင်ရမှာဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့နည်းတွေနဲ့ အဆင်မပြေဘူးဆိုရင်တော့ ပိုးမွှားနှိမ်နင်းရေးလုပ်ငန်း ကုမ္ပဏီတစ်ခုနဲ့ သာ ဆက်သွယ်လိုက်ရတော့မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အိုးအိမ်တိုက်တာအများစုမှာ ပိုးမွှားပေါင်းစုံရှိနေ တတ်တာကြောင့် တခါတလေမှာ ပိုးမွှားနှိမ်နင်းရေးအဖွဲ့ကို တစ်ကြိမ်ထက်ပိုပြီးခေါ်ရတာမျိုးလည်း ရှိနိုင်ပါတယ်

ကွာခြားချကိ

မအောင်မြင်နိုင်တဲ့သူတွေ
- အလုပ်တစ်ခုကို မစဉ်းစားဘဲလုပ်တယ်။
- ကိုယ်ကပဲ အကုန်သိအကုန်တတ်လုပ်ချင်တယ်။
- နားထောင်တာထက်ပြောတာက ပိုများတယ်။
- တခြားသူတွေကို ကိုယ်နဲ.တစ်ဆင့်တည်းလို.သတ်မှတ်ဆက်ဆံတယ်။
- သင်ယူလေ့လာမှုမရှိဘူး။
- ကြောက်ရွံစိတ်များတယ်။
- သတင်းအချက်အလက်တွေကို ဖောင်းပွပြန်.လွင့်အောင်လုပ်တတ်တယ်။
- အပြစ်လွှဲချတတ်တယ်။
- အငြိုးထားတတ်တယ်။
- အဆိုးဘက်ကပဲ တွေး၊ပြော၊ပြုမူလေ့ရှိတယ်။
- အကျိုးအမြတ်ခံစားခွင့်တွေကိုပဲကြည့်တယ်။
- အမြဲစိတ်တိုဒေါသထွက်နေတယ်။
- ကိုယ့်ကိုယ်ကိုဘာဖြစ်ချင်မှန်းမသိဘူး။
- အတွင်းစိတ်ကနေတခြားသူတွေကျရှုံးဖို.ကို လိုလားတယ်။
- အလွယ်လုပ်တတ်တယ်။
- စိတ်တည်ငြိမ်မှုမရှိဘူး။
- လွယ်လွယ်အလျော့ပေးတတ်တယ်။
- အချိန်ဖြုန်းတတ်တယ်။
- ပန်းတိုင်မရှိဘူး။
- ဝေဖန်လွန်းတယ်။

အောင်မြင်နိုင်တဲ့သူတွေ
- အလုပ်နဲ.အဆက်မပြတ်ဘူး။
- အမှားကနေ သင်ယူနိုင်စွမ်းရှိတယ်။
- လူမှန်လူကောင်းတွေနဲ.ပဲ အချိန်တွေကိုကုန်ဆုံးလေ့ရှိတယ်။
- ဘ၀ရဲ.အချိန်တွေကို မျှတအောင်ထိန်းညှိနိုင်တယ်။
- ပန်းတိုင်နဲ.ရည်မှန်းချက်တွေကို ချရေးမှတ်သားတတ်တယ်။
- ရေရှည်အတွက်တွေးတယ်။
- သူတစ်ပါးကို အားပေးအသိအမှတ်ပြုတယ်။
- လုပ်ရမယ့်အလုပ်တွေကို စာရင်းပြုမှတ်သားထားတယ်။
- ရည်ရွယ်ချက်ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားသိတယ်။
- သူတစ်ပါးကိုလည်း အောင်မြင်စေချင်တယ်။
- ကိုယ့်အမှားကိုကိုယ် တာဝန်ယူရဲတယ်။
- ထူးချွန်လိုစိတ်ပြင်းပြတယ်။
- တက်ကြွကတိတည်စွာ အလုပ်လုပ်တယ်။
- သင်ယူလေ့လာပြီး အမြဲတမ်းတိုးတက်ကောင်းမွန်အောင်ကြိုးစားတယ်။
- စွန်.စွန်.စားစားလုပ်ကိုင်လိုတယ်။
- ပြသနာတွေကိုဖြေရှင်းနိုင်တယ်။
- ကိုယ့်ကိုယ်ကိုနှိမ့်ချဆက်ဆံတယ်။
- သတင်းအချက်အလက်တွေကို ဝေငှပေးတယ်။
- ပျော်ရွှင်မှုတွေကို ကူးစက်စေတယ်။
- ခွင့်လွှတ်တတ်တဲ့စိတ်ရှိတယ်။
- အကြံဥာဏ်တွေကို ဆွေးနွေးတိုင်ပင်လေ့ရှိတယ်။
- အပြောင်းအလဲကိုလက်ခံနိုင်တယ်

Cypher

Cypher (No Family]